Chapter -20

547 87 38
                                    

မနက်ခင်းတစ်ပိုင်းလုံး ဓာတ်ပုံရိုက်ဖြစ်ကြပြီး နေ့လယ်ခင်းကျတော့ မြေစိုက်တဲထဲမှာ သူတို့အနားယူကြပါတယ်။ ဂျောင်ဂုကပါလာတဲ့ sandwich ၊ အအေးနဲ့ ထမင်းလိပ်တွေကို ထုတ်ယူကာနေရာချပြီး ဂျီမင်းကိုနေ့လယ်စာ
အရင်ကျွေးပါတယ်။ ကျန်တဲ့နေ့တစ်ပိုင်းက အေးအေးဆေးဆေးအနားယူဖို့ပဲဖြစ်တာကြောင့်
သူတို့နေ့လယ်စာကိုဖြည်းဖြည်းပဲစားကြတယ်။

"စားလို့အဆင်ပြေရဲ့လား......"

ဂျီမင်းနှုတ်ခမ်းနားမှာကပ်နေတဲ့ ထမင်းစေ့‌ကို
ဂျောင်ဂုကပါးစပ်ထဲထည့်လိုက်ရင်းမေးတယ် ။

"အွန်း.......စားကောင်းတယ်......."

ချက်ရပြုတ်ရတာကို ဝါသနာပါလွန်းတယ်လို့မဟုတ်တာကြောင့် ချက်စားလေ့မရှိပေမယ့်
ဂျီမင်းက စားကောင်းတယ်ဆိုတော့ တစ်သက်လုံးချက်ပြုတ်ကျွေးမွေးချင်မိတာပါပဲ။ ချစ်ခြင်းတရားက အစာအိမ်ကတစ်ဆင့်နှလုံးသားကိုသွားတယ်လို့ဆိုကြတာကြောင့် အစားအသောက်ကောင်းလေးတွေချက်ကျွေးရင် သူ့ကို ဂျီမင်းပိုချစ်လာမယ်ထင်ပါတယ်။

"နောက်ရက်ကျရင် အိမ်မှာအသားကင်ကျွေးမယ်........"

"အွန်း........."

ထမင်းလိပ်တစ်ခုကိုပါးစပ်ထဲထည့်ပြီး ခေါင်းညိတ်ရင်းဖြေတဲ့ ဂျီမင်းကပါးစပ်လေး
လှုပ်စိလှုပ်စိနဲ့အစားမပျက်ဘူး။ကောင်းကောင်းစားတတ်လွန်းတဲ့ ဂျီမင်းကို ချစ်စနိုးဖြစ်လာတာ‌ ကြောင့် ပါးဖောင်းဖောင်းလေးကို သူလက်ညှိုးနဲ့တို့ထိလိုက်တယ်။

"‌စားပြီးရင် နေ့လယ်တရေးအိပ်မလား......."

"မအိပ်ချင်ပါဘူး........."

စားသောက်လို့ပြီးသွားတော့မအိပ်ချင်ပါဘူးလို့ပြောတဲ့ ဂျီမင်းက တဲထဲကိုဝင်ပြီး ဂျောင်ဂုလက်မောင်းပေါ်မှာလှဲရင်းနေရာယူတယ်။

"ဒီလိုလေးနေရတာကောင်းလိုက်တာ........"

ဂျောင်ဂုက ဆံပင်တွေကိုဖွပေးတော့ဂျီမင်းကမျက်လုံးလေးမှေးစင်းရင်း ဇိမ်ခံတယ်။

"ခဏလောက်အိပ်လိုက်ပါလား......."

"မအိပ်ချင်ပါဘူး....."

Rewrite the stars Where stories live. Discover now