Chapter -13

574 91 88
                                    

ဂျောင်ဂုရော၊ထယ်ယောင်းရော ဒီနေ့မနက်တော့အိပ်ယာစောစောထပြီး ကျောင်းသွားဖို့ပြင်ဆင်ကြပါတယ်။ အရင်ကလည်း အထာကျနေဖို့
သူတို့နှစ်ယောက်လုံးပြင်ဆင်တတ်ကြပေမယ့်
အခုတော့ ပိုပြီးအဝတ်အစားကအစ ဖိနပ်အဆုံးဂရုတစိုက်ပြင်ဆင်ကြပါတယ်။ ရေမွှေးဆွတ်ခဲလှတဲ့ဂျောင်ဂုတောင် တစ်ကိုယ်လုံးမွှေးကြိုင်နေသည်အထိရေမွှေးပုလင်းနဲ့ တရှူးရှူးဖြန်းနေခဲ့ပါတယ်။ ထယ်ယောင်းကလည်း ခေါင်းအစခြေအဆုံး သေချာပြင်ဆင်နေခဲ့ကာ စိတ်ကြည်လင်မှုရဲ့အမှတ်အသားအနေနဲ့ လေလေးတချွန်ချွန်နဲ့ရယ်။

ဆံပင်ကိုအပီအပြင်သပြီးနောက်ဆုံးပိတ်အနေနဲ့
ဖိနပ်စီးပြီးနောက် သူတို့ကျောင်းသွားဖို့အဆင်သင့်ဖြစ်သွားခဲ့ပါပြီ။

စက်ဘီးကိုယ်စီထုတ်ယူလိုက်ပြီးတော့သူတို့နှစ်ယောက်အတူအိမ်ကထွက်လာခဲ့ကြတယ်။ ဦးတည်တဲ့နေရာက ကျောင်းကစီစဉ်ပေးထားတဲ့အဆောင်ကိုဖြစ်တာကြောင့်နှစ်ယောက်သားစကားပြောရင်း စက်ဘီးနင်းလာခဲ့ကြတယ်။
ဒီနေ့‌တော့အနက်ရောင်စက်ဘီးနှစ်စီးရဲ့ ဦးတည်ရာကတူညီနေခဲ့ကာ စကားလေးဟိုပြော
ဒီပြောနဲ့စက်ဘီးနင်းရင်း နှစ်ယောက်လုံးတက်ကြွနေခဲ့ကြပါတယ်။

"ဟိုမှာ ဆော့ဂျင် hyung ငါ့ကိုစောင့်နေပြီ......"

အဆောင်ရှေ့မှာ ထယ်ယောင်းကိုကြိုစောင့်နေတဲ့ ဆော့ဂျင် hyung ကသူတို့ကိုလက်လှမ်းပြတော့
ထယ်ယောင်းအမူအရာက မော်ချီချီရှိနေကာ
ဂျောင်ဂုကိုတစ်ချက်ကြည့်ရင်းပြောပါတယ်။
ဂျီမင်း hyung ကို‌တော့မတွေ့ရပါဘူး။ ဖုန်းလှမ်းဆက်လိုက်တော့ အဆောင်ထဲဝင်လာခဲ့ဖို့ပြောတာကြောင့် ဂျောင်ဂုက ထယ်ယောင်းနဲ့ ဆော့ဂျင် hyung ကိုနှုတ်ဆက်ပြီး အဆောင်ထဲကိုဝင်သွားတယ်။

တတိယထပ်မှာရှိတဲ့ ဂျီမင်း hyung ရဲ့အခန်းဟာ လှေကားကနေတက်လာခဲ့ရင် ညာဘက်အစွန်ဆုံးမှာတည်ရှိပါတယ်။ ဓာတ်လှေကားမရှိတဲ့ အဆောင်ဖြစ်တာကြောင့် သူ့ hyung လေးအတက်အဆင်းနဲ့ပင်ပန်းမှာပဲလို့ ဂျောင်ဂုတွေးမိပါတယ်။ အတက်အဆင်းလုပ်ရတာနဲ့ပင်ပန်းနေမယ့် ဂျီမင်း hyung ကို သူနဲ့သာချစ်သူဖြစ်ရင်
အသွားအပြန်ကျောပိုးပြီး အခန်းရှေ့ထိပို့ပေးမယ်လို့ ဂျောင်ဂုဆုံးဖြတ်ထားလိုက်ပါတယ်။

Rewrite the stars Onde histórias criam vida. Descubra agora