Chapter -15

546 86 31
                                    

ဂျောင်ဂုက ဂျီမင်း hyung ကိုခေါ်ပြီးမှ Barကိုလိုက်လာမှာဖြစ်တာကြောင့် သူနဲ့ဆော့ဂျင် hyung ကအတူသွားပြီးစောင့်နေရုံပင်။ အဆောင်ကိုလာခေါ်မယ်လို့ပြောပေမယ့် hyung ကလက်မခံဘဲ သူ့ကိုမြို့ထဲကနေသာစောင့်ခိုင်းပါတယ်။ စကားပြောတဲ့လေသံကသိပ်မကောင်းလှတာကြောင့် hyung စိတ်ညစ်စရာတစ်ခုခုများလို့ထင်မိပေမယ့် လူချင်းတွေ့မှပဲအရိပ်အကဲကြည့်ပြီး မေးဖို့ဆုံးဖြတ်ထားလိုက်ပါတယ်။

hyung တစ်ယောက်ထဲစောင့်နေရတာကိုစိတ်မချတာကြောင့် သူစောင့်နေရတာကိစ္စမရှိတာမို့လို့
ကျောင်းကပြန်ရောက်ရောက်ချင်းရေချိုးအဝတ်အစားလဲပြီးတာနဲ့ အိမ်ကတန်းထွက်လာခဲ့ပါတယ်။ စက်ဘီးယူလာဖို့တွေးမိပေမယ့် ညဘက်အေးရင် hyung ကိုလိုက်ပို့ဖို့ခက်မှာကိုတွေးမိပြီး Taxi နဲ့ပဲမြို့ထဲကိုထွက်လာခဲ့လိုက်တယ်။

သူထွက်လာတဲ့အချိန်ကစောသေးတာကြောင့် coffee ဆိုင်တစ်ဆိုင်မှာစောင့်နေဖို့တွေးမိတယ်။
သူသွားနေကျစာအုပ်ဆိုင်နဲ့ coffee ဆိုင်တွဲရက်ပါတဲ့  Krunch coffee ဆိုင်ကိုပဲလာခဲ့လိုက်တယ်။ ဒီလိုရာသီအေးစိမ့်စိမ့် hot chocoတစ်ခွက်နဲ့ဆို သူ့ကိုနွေးထွေးစေပါလိမ့်မယ်။ နှလုံးသားကိုနွေးထွေးစေဖို့တော့ ဆော့ဂျင် hyung ရှိဖို့လိုတာပေါ့လေ။ ကိုယ့်အတွေးနဲ့ကိုယ်သဘောတကျပြုံးလိုက်ရင်း ကောင်တာရှိရာကိုသွားက hot chocoနှစ်ခွက်မှာလိုက်ကာ မှန်ပြူတင်းရှည်နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေလိုက်တယ်။

သူထိုင်နေတဲ့နေရာက ဝင်ပေါက်နဲ့လည်းနီးတာကြောင့် hyung သိပ်ရှာဖို့လိုမယ်မထင်ပါဘူး။သူရောက်နေတဲ့ဆိုင်ရဲ့ တည်နေရာကို hyung ဆီပို့ပေးပြီးချိန်မှာ hot chocoပူပူလေးက သူ့ရှေ့ကိုရောက်နေခဲ့ပြီ။စာအုပ်စင်က မဂ္ဂဇင်းတစ်အုပ်ကိုသွားယူလိုက်ပြီးhyung အလာကိုသူစောင့်နေလိုက်ပါတယ်။ စာအုပ်ဖတ်ရင် အချိန်လိုမှာဖြစ်တာကြောင့် ဟိုလှန်ဒီလှန်ကြည့်ရတဲ့ မဂ္ဂဇင်းကပဲသူ့အတွက်ပိုအဆင်ပြေပါလိမ့်မယ်။

"ဒီမှာ hyung........"

သူလက်ပြလိုက်တော့ ဆော့ဂျင် hyung ကခေါင်းတစ်ချက်ညိတ်ပြပြီး သူထိုင်နေတဲ့ခုံရှိရာကိုလျှောက်လာပါတယ်။

Rewrite the stars Hikayelerin yaşadığı yer. Şimdi keşfedin