Chapter-19

860 102 44
                                    

နောက်တစ်နေ့မနက်နိုးလာတော့ အရင်တစ်ခါလိုမဟုတ်ဘဲ ဂျီမင်းက ဂျောင်ဂုရင်ခွင်ထဲမှာရှိနေခဲ့ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့
ဂျီမင်းကို ဂျောင်ဂုတစိမ့်စိမ့်ကြည့်နေရင်း ပါးပြင်လေးကိုလက်ညှိုးနဲ့တို့ထိကြည့်မိတယ်။ နို့နှစ်ရောင်အသားအရည်ကြည်ကြည်လေးနဲ့ အကြောစိမ်းလေးတွေယှက်ဖြာနေတဲ့ပါးပြင်မို့မို့လေးက
တစ်နေ့လုံးနမ်းနေရမယ်ဆိုရင်တောင် ငြီးငွေ့စရာမရှိပါဘူး။ နှုတ်ခမ်းလုံးလုံးလေးကတော့ သူ့ကိုရင်ခုန်အောင်အပြုစားနိုင်ဆုံးအစိတ်အပိုင်းလေးပဲဖြစ်ပြီး စတော်ဘယ်ရီရောင်လေးသမ်းနေပါသေးတယ်။

ချောမောလှပတဲ့ ယောက်ျား‌လေး၊မိန်းကလေးတွေအများအပြားတွေ့ဖူးသလို တွဲလည်းတွဲဖူးပေမယ့် အခုလောက်ထိသူတစ်ခါမှ မရူးဖူးပါဘူး။ ရည်းစားဦးကို ရူးကြတယ်ဆိုပေမယ့်လည်း သူကတော့ ဂျီမင်းနဲ့ကျမှရူးမိတော့တာပါပဲ။

"ချစ်လိုက်တာ........."

နိုးသွားမှာစိုးတာကြောင့် အသံတိုးတိုးနဲ့ရေရွတ်လိုက်ပြီး ခန္ဓာကိုယ်လေးကို ပိုတိုးဖက်ထားလိုက်မိတယ်။ရှန်ပူနံ့သင်းသင်းလေးက သူ့နှာခေါင်းထဲကိုတိုးဝင်လာတော့ ဆံပင်တွေထဲမျက်နှာအပ်ထားလိုက်တယ်။ ရင်ခွင်ထဲထည့်ထားရင်းကို
လွမ်းနေမိအောင် ဂျီမင်း သူ့ကိုဘယ်လိုများပြုစားထားတာလဲလို့ မေးကြည့်ချင်မိတယ်။

မိနစ်အနည်းငယ်ကြာတော့ရင်ခွင်ထဲက လူသားလေးက လှုပ်ရှားလာတာကြောင့် သူငုံ့ကြည့်နေမိတယ်။ မျက်လုံးလေးမပွင့်တပွင့်နဲ့ သူ့ကိုမော့ကြည့်တဲ့ ဂျီမင်းက "မီးခြစ်လေး"လို့ရေရွတ်ပြီး အနီးကပ်ဆုံးရင်ဘတ်ကိုနမ်းပါတယ်။

"နိုးပြီလား ဂျီမင်း........"

မနေ့ညထဲက hyung လို့မခေါ်တော့ဘဲ ဂျီမင်းလို့ခေါ်နေတာကို သတိပြုမိပေမယ့် သူ့အာရုံက
အနမ်းတွေမှာပဲရှိနေတာကြောင့် ဘာလို့လဲဆိုတာ
မမေးဖြစ်ပါဘူး။ အခုတော့ မေးသင့်နေပြီလို့
ဂျီမင်းထင်မိပါတယ်။

"ဘာလို့ hyung လို့မခေါ်တော့တာလဲ......."

နိုးခါစဖြစ်တာ‌ကြောင့် ဂျီမင်းအသံက အက်တက်တက်ဖြစ်နေပါတယ်။

Rewrite the stars Kde žijí příběhy. Začni objevovat