Chapter -2

717 116 50
                                    

GabCrouch ကိုသူရောက်နေတာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး မနက်ဆိုကျောင်းသွား ညနေဆိုကျောင်းကပြန်နဲ့ သိပ်ပြီးထူးထူးခြားခြားမရှိပါ။ ဒီနေ့ကစနေနေ့ဖြစ်တာကြောင့် အခန်းရှင်းရင်း ပစ္စည်းတွေနေရာချဖို့ ဂျီမင်းတွေးလိုက်တယ်။ ပါလာတဲ့ခရီးဆောင်အိတ်တွေကို ဖွင့်လိုက်ပြီး သွားတိုက်တံကစလို့ အိပ်ယာခင်းအထိ သူ
သေသေချာချောနေရာချနေလိုက်တယ်။ တစ်နှစ် လောက်နေရမယ့်နေရာဖြစ်တာကြောင့် အခန်းကိုသေချာမပြင်ဆင်ဘူးဆိုရင် သူနေရတာအဆင်မပြေလောက်ဘူးထင်ပါတယ်။

ပါလာတဲ့စာအုပ်တွေကို အိပ်ယာဘေးကစင်လေးပေါ်မှာတင်လိုက်ပြီးတော့ ဖိနပ်တွေကိုတော့ အဝင်အဝနေရာကဖိနပ်စင်လေးမှာ နေရာချလိုက်တယ်။ laptop နဲ့ဖုန်းကိုတော့စာကြည့်စားပွဲမှာ ထားလိုက်တယ်။ နှစ်ယောက်နေရမယ့်အခန်းဆိုပေမယ့် သူတစ်ယောက်ထဲနေရမှအဆင်ပြေမယ်ဆိုတာ သိတဲ့ ကိုကိုဆောင်ဟွန်းက
နှစ်ယောက်ခန်းကို သူတစ်ယောက်ထဲနေဖို့စီစဉ်ထားပေးတာ။

စိတ်ဝင်တစားနဲ့ အခန်းထဲမှာပစ္စည်းတွေနေရာချနေဆဲ ဖုန်းသံမြည်လာတာကြောင့် လုပ်လက်စတွေရပ်ထားပြီး ဖုန်းကိုလှမ်းယူလိုက်တယ်။

"ဟေ့ ဘေဘီ အဆင်ပြေရဲ့လား......"

Video callခေါ်လာသူဟာ ဂျီမင်းရဲ့ ညီမတစ်ဝမ်းကွဲ ဆိုရာဖြစ်ပါတယ်။

"ငါ နင့်ကို သတိရနေတာ ကိုကိုရာ.....အဆင်ပြေရဲ့လား......"

"ပြေပါတယ်...."

ဖုန်းပြောနေရင်းကနေ ဆိုရာရဲ့နောက်ကျောဘက်ကို ဂျီမင်သတိပြုမိသွားတယ်။

"အိမ်မှာမဟုတ်ဘူးလား ဆိုရာ......"

အထက်တန်းဒုတိယနှစ်တက်နေတဲ့ဆိုရာဟာ
စာကိုလုံးဝစိတ်မဝင်စားဘဲ  သူလုပ်ချင်ရာကိုလုပ်တတ်သူပီပီ အဖော်ကောင်းရင်ကောင်းသလို
နိုင်ငံခြားအထိခရီးထွက်ချင်ထွက်တတ်တာ အခုမှမဟုတ်ပါဘူး။

"ဟုတ်တယ်... Maldives ရောက်နေတာလေ.... မနက်ကပဲရောက်တာ...ငါပြောပြရဦးမယ် ကိုကိုဂျီမင်းရေသိလား....."

အသံကိုလျော့ချလိုက်ပြီး ဖုန်းရှိရာကိုဆိုရာကပိုတိုးကပ်လာတယ်။

Rewrite the stars Where stories live. Discover now