Chapter -27

495 71 13
                                    

ဂျောင်ဂုက ဇာတ်လမ်းထဲမှာစိတ်ဝင်တစားဖြစ်နေပေမယ့် ဂျီမင်းကတော့ကြိုကြည့်ထားပြီးဖြစ်တာကြောင့် သူ‌မျှော်လင့်ထားတဲ့ဇာတ်ဝင်ခန်းကိုသာ အသည်းတယားယားနဲ့စောင့်နေမိတယ်။။ မာဖီးယားခေါင်းဆောင်အသက်30အရွယ်အမျိုးသားတစ်‌ယောက်နဲ့ တက္ကသိုလ်ကျောင်းသားကောင်လေးတစ်ယောက်ကြားက
အချစ်ဇာတ်လမ်းဖြစ်တာကြောင့် အနည်းငယ်ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတွေလည်းပါဝင်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေဆိုရင် ဂျောင်ဂုက သူ့ကိုပိုပြီးတင်းကျပ်စွာဖက်ထားကာ
တစ်ခါတစ်ခါဆို မျက်လုံးကိုတောင်လက်နဲ့ကွယ်ထားပေးပါသေးတယ်။

"ဂျီမင်း မကြည့်ရဲရင် နည်းနည်းကျော်လိုက်မယ်...."

"ကြည့်ရဲပါတယ်.......မောင်သာ ကိုယ့်ကိုတင်းတင်းဖက်ထား.........."

ဇာတ်လမ်းကြည့်တာ မိနစ်နှစ်ဆယ်လောက်ရောက်တော့ မာဖီးယားခေါင်းဆောင်နဲ့ ကျောင်းသားလေးရဲ့ အနမ်းခန်းတွေစပါလာတော့တယ်။ နောက်တော့ erotic ဆန်ဆန် bed scene တွေလည်းပါလာတယ်။ ဂျောင်ဂုတစ်ခုခုလှုပ်ရှားလာလေမလားလို့ထင်မယ့် အခုထိငြိမ်ငြိမ်သက်သက်ရှိနေတုန်း။ စိတ်လှုပ်ရှားစွာနဲ့သူခဏလောက်ထပ်စောင့်နေဆဲမှာ ဂျောင်ဂု သူ့
ပုခုံးနားကိုတိုးကပ်ကာလာ " မောင် နည်းနည်းကျော်လိုက်မယ်နော်........" လို့ပြောတယ်။

"မောင်.........."

ခန္ဓာကိုယ်ကိုအနည်းငယ်စောင်းလိုက်ပြီး ဂျောင်ဂုကို သူလှည့်ကြည့်တော့ မျက်နှာနှစ်ခုကအသက်ရှူသံတွေကူးလူးမျောပါနိုင်အောင်နီးကပ်လို့နေတယ်။

"မောင်........."

ဒုတိယအကြိမ်ခေါ်လိုက်ပြီးတော့ သူခန္ဓာကိုယ်ကို ဘေးတစောင်းလှည့်လိုက်ပြီးတော့ ဂျောင်ဂုမျက်နှာကိုလက်ချောင်းတွေနဲ့အသာထိတွေ့ကြည့်မိတယ်။ မျက်စိမလွှဲချင်အောင်ဆွဲဆောင်မှုရှိ‌တဲ့ ဒီအမျိုးသားကိုအဆုံးထိပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့အသိက သူ့နှလုံးသားထဲကို ပြိုင်မြင်းတစ်ကောင်ကဆုန်ပေါက်ဝင်လာသလို လှုပ်ခတ်စေတယ်။

"ကိုယ် မောင့်ကိုချစ်တယ်........"

ဂျီမင်းဘက်ကစပြီး နှုတ်ခမ်းချင်းထိကပ်စေလိုက်တော့ ဂျောင်ဂုရဲ့အသံရှူသံပြင်းပြင်းကအခန်းထဲမှာသိသာကျယ်လောင်စွာထွက်ပေါ်လာတယ်။ လှုပ်ရှားနေတဲ့နှုတ်ခမ်းတွေသာမက ကျူးကျော်ဝင်ရောက်လာတဲ့ လျှာဖျားလေးတွေကပါ ဂျောင်ဂုစိတ်ကိုအဆုံးထိပို့ဆောင်ပေးနေတာကြောင့် ဒီအခြေအနေတိုင်းဆို သူစိတ်ထိန်းထားနိုင်ဖို့လွယ်ကူမှာမဟုတ်ပါ။

Rewrite the stars Where stories live. Discover now