Chapter -4

594 94 67
                                    

ဖွားဖွားကြီးဆေးစစ်ဖို့ရှိတာကြောင့် မနက်၉နာရီလောက်မှာ ဆောင်ဟွန်းတို့ Health care ဆေးရုံကိုထွက်လာခဲ့ကြတယ်။ ဒီဆေးရုံဟာ
ဆောင်ဟွန်းအလုပ်လုပ်နေတဲ့ ပုဂ္ဂလိကဆေးရုံဖြစ်သလို အသိမိတ်ဆွေဆရာဝန်တွေလည်းများပြီး ကုသရေးနဲ့ဆေးပစ္စည်းစုံလင်တာကြောင့်
ဖွားဖွားကြီးရဲ့နှလုံးရောဂါကို ကုသဖို့
ဒီနေရာကိုပဲရွေးချယ်ထားလိုက်တာပါ။

"မေမေတို့ အပေါ်တက်နှင့်နော်......ကျွန်တော် carparking ယူပြီးရင်လိုက်လာခဲ့မယ်......"

"အေး အေး...... သား......."

မေမေနဲ့ အန်တီငယ်က ဖွားဖွားကြီးကိုတွဲကာ Ground floor မှာ ကားပေါ်ကဆင်းသွားကြပြီး ဆောင်ဟွန်းကတော့ ပါကင်ယူဖို့ Basement ကိုဆင်းလာခဲ့လိုက်တယ်။ သူပါကင်နေရာယူပြီး အပေါ်ကိုပြန်တက်လာတော့ ဖွားဖွားကြီးဆေးစစ်ဖို့အလှည့်ရောက်နေခဲ့ပြီ။ မေမေနဲ့ အန်တီငယ်က
ဖွားဖွားကြီးဆေးစစ်ဖို့အတွက်ကို အတူလိုက်သွားခဲ့ကြတာကြောင့် သူကတော့ လျှောက်လမ်းမှာရှိတဲ့ခုံတန်းမှာပဲထိုင်စောင့်နေလိုက်တယ်။

"ဟေ့ရောင် မင်ဆောင်ဟွန်း........"

ပါမောက္ခတွေရဲ့အဆောင်ဘက်ကနေထွက်လာတဲ့ဆန်းမင်းက ဆောင်ဟွန်းကို အားပါးတရနှုတ်ဆက်တယ်။ ဒီနေ့ဖွားဖွားကြီး ဆေးစစ်မှာကို
သူပြောပြမထားတာကြောင့် ဆန်းမင်းက သူ့ကိုတွေ့ရတာ အံ့ဩနေဟန်ရှိတယ်။ ဆန်းမင်းရဲ့ဘေးမှာတော့ မတွေ့ရတာကြာပြီဖြစ်တဲ့ ဂါအွန်း..

"ဆန်းမင်း....ဂါအွန်း လည်း ရောက်နေတာလား......."

ဂါအွန်းက အဝါနုရောင်လက်ရှည်အင်္ကျီကို ခန္ဓာကိုယ်နဲ့ကွက်တိကျနေတဲ့ဒူးဖုံးရုံ ‌အညိုရောင်စကတ်ကိုဝတ်ထားတာကြောင့် အသက်30 ကျော်အထက်တန်းလွှာအများသမီးတစ်ယောက်ရဲ့ပုံရိပ် အပြည့်အဝရှိနေပြီး ဟိုအရင်ကလိုပဲ
မပြောင်းလဲစွာနဲ့လှပနေဆဲသာ။

"အေး......ငါ ဆရာကြီးနဲ့လာတွေ့တာ......."

စိတ်ရောဂါအထူးကုတွေဖြစ်ကြတဲ့ ဂါအွန်းရယ်၊ ဆန်းမင်းရယ်က ပါမောက္ခဂန်ရဲ့ တပည့်အရင်းတွေဖြစ်ကြပြီး ဆန်းမင်းက အခုထိဆရာကြီးရဲ့လက်အောက်မှာ အလုပ်လုပ်နေဆဲဖြစ်သလို၊
ဂါအွန်း ကလည်း အလုပ်တွေကမနားခင်အထိ ဆရာကြီးရဲ့ဌာနမှာအလုပ်လုပ်နေခဲ့တာ။

Rewrite the stars Where stories live. Discover now