Chapter -28

513 62 8
                                    

တစ်နေကုန်မြို့ထဲမှာလည်ပတ်ပြီးနောက်မှာ
ဂျီမင်းနဲ့ဂျောင်ဂု ခေါက်ဆွဲဆိုင်ကို ခြေဦးလှည့်ဖြစ်ကြတယ်။ နေ့လယ်ကနေ အမှောင်ထုကြီးစိုးတဲ့ ညနေ၆နာရီခန့်ရောက်သည်အထိ သူတို့လျှောက်လည်ပတ်ခဲ့တာကြောင့် ခြေထောက်တွေတောင် တောင့်တင်းနေခဲ့ပြီ။ စက်ဘီးအနက်လေးနဲ့အပြာလေးကို ရပ်ထားခဲ့ပြီး သူတို့စားနေကျခေါက်ဆွဲဆိုင်ထဲကိုဝင်လာတော့ဆိုင်ရှင်ဦးလေးကြီးက နှုတ်ဆက်ပါတယ်။ နှစ်ပတ်တစ်ခါ၊
နှစ်ခါလောက်ရောက်နေကျဖြစ်တာကြောင့် သူတို့ကို သိနေတာ ဆန်းတယ်လို့မဟုတ်ပါ။

"ပင်လယ်စာခေါက်ဆွဲနှစ်ပွဲ.....အစပ်လျှော့ပေးပါ.....ပြီးတော့ဖက်ထုပ်ကြော်နှစ်ပွဲနဲ့ Green Teaတစ်အိုးယူပါမယ်...."

ဂျောင်ဂုက သူလမ်းမှာပြောထားတဲ့အတိုင်းအတိအကျမှာပေးတာကို ကျေနပ်ပေမယ့်ပင်လယ်စာခေါက်ဆွဲကို အစပ်လျှော့ခိုင်းတာကိုတော့ သဘောမကျပါ။

"နှုတ်ခမ်းမစူနဲ့...... hyung အစပ်အများကြီးစားလို့မရဘူးလေ......."

နဖူးပေါ်ကဆံပင်စတွေကိုသပ်တင်ပေးရင်း
ဂျောင်ဂုက ဂျီမင်းကိုချော့တယ်။ ပြုံးမပြဘဲ
"ဟွန့်..."ခနဲအသံပြုလိုက်တော့ စားပွဲပေါ်က သူ့လက်ကိုအုပ်ကိုင်ကာ လက်မနဲ့ဖွဖွပွတ်သပ်ပေးရင်း ပြုံးနေတဲ့မျက်လုံးဝိုင်းဝိုင်းတွေနဲ့ကြည့်ပါတယ်။ မောင်အဲ့လိုကြည့်ရင် သူ့နှလုံးသားထဲမှာ
Tiger Lily တွေရောင်စုံဖူးပွင့်သလို ကြည်နူးရတာပါပဲ။ အခုလိုမျိုးတကယ်စိတ်ဆိုးတာမဟုတ်ဘဲ အချော့ခံဖို့ကြိုးစားရတာ ပျော်ဖို့ကောင်းပါတယ်။

"စိတ်မဆိုးနဲ့တော့.....လိမ္မာနော် အချစ်......"

နောက်တစ်ဆင့်အနေနဲ့ ဂျောင်ဂုက သူ့လက်ကိုဆွဲယူပြီး လက်ဖမိုးကိုထိရုံနမ်းတယ်။ အဲ့ဒီအချိန်မှာထားတဲ့ ‌ခေါက်ဆွဲတွေရောက်လာပေမယ့် ဒုတိယအကြိမ် လက်ဖမိုးကိုထပ်နမ်းပြီးမှ
ဂျောင်ဂုက ဂျီမင်းလက်ကိုလွှတ်ပေးပါတယ်။

"ခေါက်ဆွဲစားပြီးရင် ဟိုတစ်ခါ ရေမွှေးရောင်းတဲ့ဆိုင်ကိုသွားကြမလား......."

"နောက်နေ့မှသွားမယ်......စားပြီးရင်ပြန်မယ်လေ....."

"ဟုတ်ပြီ.....ပြန်ကြမယ်....."

Rewrite the stars Where stories live. Discover now