Chapter -12

513 92 127
                                    

မနေ့က ညဉ့်မနက်ခဲ့ပေမယ့် အရက်အရှိန်ကြောင့်
ဂျောင်ဂုရော၊ထယ်ယောင်းရော မှုန်အစ်အစ်မျက်နှာတွေနဲ့နိုးထလာခဲ့ကြပါတယ်။ ဂျောင်ဂုနိုးနိုးချင်း အခန်းအပြင်ကိုထွက်လာတော့ ရှင်းလင်းနေတဲ့ဧည့်ခန်းကိုတွေ့ရပြီး မျက်ခုံးပင့်လိုက်မိပါတယ်။ ညက ထယ်ယောင်းတစ်ယောက်ထဲသန့်ရှင်းရေးလုပ်ထားတာဖြစ်ပါမယ်။
အရင်ကဆို ပန်းကန်ဆေး၊အိမ်သန့်ရှင်းရေးလုပ်ဖို့ကို သူတို့ရှောင်ကြပေမယ့် အခု‌တော့
ထယ်ယောင်းက သူ့ကိုစာနာစွာနဲ့ကင်းလွတ်ခွင့်ပေးတာဖြစ်ပါမယ်။

မီးဖိုခန်းဘက်ကိုလျှောက်လာခဲ့ပြီး ရေခဲသေတ္တာထဲက ရေသန့်တစ်ဘူးကိုယူကာ တဂွပ်ဂွပ်မော့သောက်လိုက်တော့ အေးမြမြရေက သူ့လည်ချောင်းတလျှောက်ဖြတ်စီးသွားပါတယ်။

"ငါ့လည်း ရေ........"

အသံကြားလို့လှည့်ကြည့်တော့ သူ့လိုပဲ
မှုန်အစ်အစ်မျက်နှာနဲ့ထယ်ယောင်းကိုတွေ့ရပါတယ်။ ရေတစ်ဘူးကိုယူကာ လှမ်းပစ်ပေးလိုက်တော့ ဖမ်းယူပြီး ထယ်ယောင်းက ဧည့်ခန်းမှာရှိတဲ့ဆိုဖာပေါ်မှာသွားထိုင်ကာ ရေကိုတကျိုက်ထဲမော့သောက်နေတယ်။ ကြည့်ရတာ ထယ်ယောင်းလဲ သူ့လိုပဲရင်ပူနေတာဖြစ်ပါလိမ့်မယ်။

"ကျောင်းသွားမှာနော်......"

"အေးပါ......"

မနေ့ကဂျောင်ဂုအသည်းကွဲနေမှာကိုနားလည်ပေးတဲ့စိတ်နဲ့ ကျောင်းပြေးခဲ့ပေမယ့် ‌ရက်ဆက်တော့ သူခွင့်မပြုနိုင်ပါဘူး။ အချစ်ကအရေးပါပေမယ့်
အရာရာကိုစွန့်ပစ်ပြီးဖက်တွယ်ဖို့ဆိုတာတော့ မိုက်ရူးရဲလွန်းတယ်လို့သူမြင်ပါတယ်။

"မင်းနေသာသွားပြီးလား......"

သူတို့ဘာမှသေချာမသိထားတာကြောင့် ဒီနေ့ကျောင်းသွားရင် ဂျီမင်း hyung တို့အတွဲကိုထပ်တွေ့တာလည်းဖြစ်နိုင်ပါတယ်။

"အေး.....အဆင်ပြေပါတယ်......."

"ဟေ့ရောင်......ကိုယ့်အတွက်မဟုတ်တဲ့သူအတွက်နဲ့ မခံစားနဲ့.......အချစ်ဆိုတာ အပြန်အလှန်မှ အဓိပ္ပါယ်ရှိတာ......"

ဂျောင်ဂုခံစားရသက်သာအောင်ပြောလိုက်ပေမယ့် အချစ်ဆိုတာ ချစ်နေရရင်ကိုပြည့်စုံနေတယ်ဆိုတာ သူနားလည်ထားပြီးသားပါ။ ဒါပေမယ့်လည်း မတတ်နိုင်။သူ့ညီလေး စိတ်အေးချမ်းဖို့က
အဓိကပဲဖြစ်တာကြောင့် ခံယူချက်နဲ့ထပ်တူမကျလည်း ပြောစရာရှိတာပြောရမှာပဲ‌လေ။

Rewrite the stars Where stories live. Discover now