Chapter -5

588 97 94
                                    

ခေါက်ဆွဲဆိုင်ကသူတို့ထွက်လာချိန်မှာ မြို့လမ်းမတွေဟာ မီးထိန်ထိန်လင်းနေခဲ့ပါပြီ။
ပြီးတော့ လူတွေကလည်း ပျားပန်းခတ်အောင်စည်ကားနေပါသေးတယ်။ လမ်းမကြီးရဲ့ဘေးဘယ်ညာတလျှောက် စားသောက်ဆိုင်ကြီးတွေ၊
လမ်းဘေးဆိုင်သေးသေးလေးတွေ၊ စက်ဘီးတွေ၊
တစ်စီးနှစ်စီးလောက်တွေ့ရတဲ့ကားတွေနဲ့ မြို့လမ်းတွေက လှလှပပအသက်ဝင်နေခဲ့ပါတယ်။

မြို့လမ်းမတလျှောက်မြင်ကွင်းတွေကိုငေးရင်း
ဂျီမင်း ရဲ့စက်ဘီးလေးကို ဂျောင်ဂုကတွန်းလာခဲ့ပြီးတော့ Barတွေဖွင့်ထားတဲ့လမ်းကြားရှိရာကို သူတို့ ဦးတည်လာခဲ့ကြပါတယ်။

"သိပ်မဆူတဲ့ နေရာကိုခေါ်သွားပေးမယ်......."

သူ Barသွားတာ ကိုကိုသာသိရင် ဘာပြောလိမ့်မလဲလို့တွေးနေတဲ့ ဂျီမင်းရဲ့အတွေးတွေကို
ဂျောင်ဂုကစကားတစ်ခွန်းနဲ့ချေဖျက်ပေးလိုက်တယ်။ ပြုံးရင်း ဂျီမင်းဘက်ကိုလှည့်ကာပြောလိုက်ပုံက နွေးထွေးလွန်းတာကြောင့် အနည်းငယ်တော့စိတ်သက်သာရာရမိပါတယ်။ ပထမဆုံးအကြိမ် သူBarသွားတာကို ကိုကိုဆောင်ဟွန်းသိရင်စိတ်တိုလေမလားဆိုတဲ့အတွေးက နောက်တစ်ကြိမ်ဂျီမင်းခေါင်းထဲရောက်လာပြန်ပါတယ်။

"ထယ်ယောင်းနဲ့ ကျွန်တော်သွားနေကျနေရာပါ
......ဘာမှမဖြစ်ပါဘူး......."

လက်နှစ်ဖက်ကို အပေါ်ဝတ်အင်္ကျီအနက်ရောင်ရဲ့ အိတ်ကပ်ထဲထည့်ကာ ငြိမ်ငြိမ်သက်သက်လျှောက်နေတဲ့ ဂျီမင်း hyung က သူ့ကိုမော့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြတယ်။

"အထဲရောက်လို့ နေရခက်ရင် ပြောနော်..... ကျွန်တော်တို့ပြန်ကြမယ်......"

"အိုခေ....."

ဘယ်လိုကြောင့် လူကြောက်တတ်တဲ့ ကလေးကို
Bar ခေါ်ဖို့ သူအတွေးရတယ်ဆိုတာ သေချာမသိပေမယ့် ပျော်စေချင်တာကတော့ စေတနာအမှန်ပါပဲ။ တစ်ယောက်ထဲနေ့လေ့ရှိတဲ့ ဂျီမင်း hyung ကို အပြောင်းအလဲလေးဖြစ်စေချင်လို့ ဒီနေရာက်ိုခေါ်လာခဲ့ပေမယ့် အဆင်မပြေဖြစ်နေမှာကိုလည်းဂျောင်ဂုစိတ်ပူတာကြောင့် barထဲကိုမဝင်ခင် နေရတာအဆင်မပြေရင်ပြန်လို့ရကြောင်း အသိပေးလိုက်တယ်။

Rewrite the stars Where stories live. Discover now