Chapter -1

1K 137 72
                                    

လွန်ခဲ့သော သုံးနှစ်.......

လေယာဉ်ထွက်ဖို့အချိန်က၄၅မိနစ်ခန့်လိုသေးပေမယ့် အင်ချွန်းလေဆိပ်ထဲကဆိုင်တွေမှာဟိုဟိုဒီဒီလျှောက်ကြည့်နေကြသူတွေ၊ စားသောက်ဆိုင်ထိုင်နေကြသူတွေနဲ့အတော်စည်ကားနေတယ်။ပိတ်ရက်ရှည်မဟုတ်ပေမယ့်လို့ ခရီးသွားကြမယ့် စုံတွဲတွေ ၊မိသားစုတွေ၊ တစ်ယောက်ထဲသမားတွေ စသည်ဖြင့် လေဆိပ်ထဲမှာ လူအများကြီးဖြစ်နေတာကြောင့်ဂျီမင်းနေရတာ စိတ်မသက်မသာဖြစ်လာရပြီးလက်ထဲကဖုန်းကိုပဲ သည်းကြီးမည်းကြီးကြည့်နေလိုက်တယ်။

"ဖုန်းခဏချထားပါဦး ဂျီမင်း.....ကိုကိုမှာစရာရှိသေးတယ်......."

လေသံအေးအေးနဲ့ ကိုကိုကပြောတော့ကိုကို
ပြောတဲ့စကားဆိုတသွေမတိမ်းလက်ခံခဲ့ရတဲ့
ဂျီမင်းဟာ အကျင့်ပါစွာနဲ့ စက္ကန့်မဆိုင်းဘဲလက်ထဲကဖုန်းကိုချက်ချင်း screenပိတ်လိုက်တယ်။ 

"ဟိုရောက်ရင် ကိုကို့ကိုဖုန်းဆက်ရမယ်နော်..... ပြီးတော့ ကိုကို noteရေးပေးထားတဲ့ စာအုပ်လေးရော ပါရဲ့လား......."

"ဟုတ်.... ပါပါတယ်......."

Long coat အညိုရောင်ရဲ့အိတ်ထဲက GabCrouchမှာလိုအပ်မယ့် ခရီးသွားအချက်အလက်တွေရေးပေးထားတဲ့ noteစာအုပ်အပြာရောင်လေးကို ထုတ်ပြလိုက်တော့ ကိုကိုဆောင်ဟွန်းက ကျေနပ်စွာပြုံးရင်း
သူ့ခေါင်းကို ဖွဖွပုတ်တယ်။

"တစ်နှစ်တောင်သွားရမှာဆိုတော့ ကိုကိုသိပ်တောင်စိတ်မချချင်ဘူး......ဂျီမင်းက လိမ်မာနော်..."

"ဟုတ်ကဲ့......."

ချစ်သူတွေလား၊ ညီအစ်ကိုတွေလားလို့ စူးစမ်းချင်စရာကောင်လေးနှစ်ယောက်ဟာ လေဆိပ်ကခုံမှာထိုင်ရင်း စကားပြောနေကြတယ်။ စကားပြောနေတယ်ဆိုတာထက် တိတိကျကျပြောရရင် တစ်ယောက်တည်းကသာ မှာစရာရှိတာမှာနေတာဖြစ်ပြီး ကျန်ကောင်လေးကတော့ မေးတစ်ခွန်း၊ဖြေတစ်ခွန်းနဲ့ ခပ်ဆိတ်ဆိတ်သာ။

"ဖွားဖွားကြီးကျန်းမာရေးကြောင့်သာမဟုတ်ရင်
ကိုကိုလိုက်ပို့ချင်တာ.....ဂျီမင်းတစ်ယောက်ထဲဖြစ်နေမှာကို စိတ်မချလို့လေ....."

"ကျွန်တော်အဆင်ပြေပါတယ်......"

ဘေးချင်းကပ်ထိုင်နေတာကြောင့် ဂျီမင်းက သူ့ကိုမကြည့်ဘဲ လက်ဖဝါးပြင်ကိုငုံ့ကြည့်ကာ ဖြေတယ်။ အနေအေးလွန်းတဲ့ကောင်လေးကို
ဆောင်ဟွန်း ခဏလောက်ပွေ့ဖက်ထားကာ နှုတ်ဆက်ချင်ပေမယ့် သဘောမကျမှာကို သိနေတာကြောင့် မလုပ်တော့ပါဘူး။ သူပွေ့ဖက်လိုက်ရင်လည်း ငြင်းမှာမဟုတ်ပေမယ့် အတိတ်ဖြစ်ရပ်တစ်ခုကြောင့် ခန္ဓာကိုယ်ချင်းထိတွေ့ရတာကို
ဂျီမင်းကသိပ်မုန်းတယ်လေ။

Rewrite the stars Where stories live. Discover now