Chapter -22

511 75 12
                                    

"မောင်..... ကိုယ်သွားမယ်နော်.....မနက်ဖြန်ကျတွေ့မယ်......"

တွဲထားတဲ့လက်ကိုဖြုတ်ပြီး ဆောင်ဟွန်းတံခါးဖွင့်ပေးတဲ့ကားပေါ်ကိုတက်ဖို့ပြင်နေတဲ့ ဂျီမင်း အင်္ကျီလက်ဖျားကို ဂျောင်ဂုကဆွဲထားတယ်။

"ဘာဖြစ်လို့လဲ......."

လှည့်ကြည့်ရင်းမေးတဲ့  ဂျီမင်းကို ဂျောင်ဂုက ခေါင်းခါပြတယ်။  မသွားစေချင်တာလား၊ အတူလိုက်ချင်တာလား၊ ဘာလို့ဆွဲထားမိတာလဲဆိုတာ သူ့ကိုယ်သူ သိမနေပါဘူး။

"မောင့်ကိုလွမ်းနေနော်......."

တစ်ညနေလေးခွဲရမှာကို အကြာကြီးခွဲရတော့
မလိုဖြစ်နေတဲ့ ဂျောင်ဂုကို ထယ်ယောင်းရယ်ချင်လာတယ်။ လူနာရှိရာကို ဆောင်ဟွန်း hyung နဲ့အတူအဖော်လိုက်ပေးမယ့် ဂျီမင်း hyung ကို ဂျောင်ဂုက မထည့်လိုက်ချင်ဘူးထင်ပါတယ်။

"အင်းပါ.....ကိုယ်လွမ်းနေပါ့မယ်......"

သဘောတကျပြုံးရင်း ဂျီမင်း hyung က
ပြောတော့ ဂျွန်ဂျောင်ဂုကမျက်နှာငယ်နဲ့။
ဒီကောင့်ကိုကြည့်ပြီး ထယ်ယောင်းရယ်ချင်လာတယ်။

"အဲ့တာဆို တာ့တာ......."

ဂျီမင်းက ကားပေါ်တက်သွားတော့ ဆောင်ဟွန်းလည်း မောင်းသူဘက်မှာဝင်ထိုင်လိုက်တယ်။

"ခဏနော် ကိုကို......"

ခါးပတ်ကိုဖြုတ်ပြီး ဂျီမင်းက သူ့ဘက်ကိုလှည့်ပြောပြီးတာနဲ့ သူပြန်ဖြေတာကိုမစောင့်ဘဲ ကားပေါ်ကပြန်ဆင်းသွားတယ်။

"ကိုယ်ပြန်ရောက်ရင် စာပို့မယ်နော် မောင်....."

ကားပေါ်ကပြန်ဆင်းလာကာ ဂျောင်ဂုပါးကိုတစ်ချက်နမ်းလိုက်ပြီးမှ စာပို့မယ့်အကြောင်းပြောကာ ဂျီမင်းက ကားပေါ်ပြန်တက်သွားတယ်။ ဂျောင်ဂုကတော့ ငိုချင်သလို၊ ရယ်ချင်သလိုမျက်နှာနဲ့ တွေငေးငေးရှိနေတုန်း။

‌"မင်းရုပ်ကလဲကွာ........"

ဂျီမင်းတက်သွားတဲ့ကားလေးထွက်သွားတာ မြင်ကွင်းကပျောက်သွားတာနဲ့ ပိုပြီးမှိုင်းကျသွားတဲ့ ဂျောင်ဂုကို ထယ်ယောင်းကသက်ပြင်းချရင်းပြောတယ်။ တစ်နေ့လုံးဘာမှမဖြစ်သလိုနေခဲ့ပြီး ဂျီမင်းကိုမတွေ့ရတာနဲ့ ငြိမ်ကျသွားတာ ရုပ်ပျက်ဆင်းပျက်။ ဂျောင်ဂုပုံစံကိုမြင်လိုက်ရတော့ သူ ဆော့ဂျင် hyung ဆီစာပို့ပြီး ဒီည
Party ကိုမလိုက်ဖြစ်တော့တဲ့အကြောင်းလှမ်းပြောထားလိုက်တယ်။

Rewrite the stars Where stories live. Discover now