Chapter -18

541 89 24
                                    

မနက်နိုးနိုးချင်း ရင်ခွင်ထဲကအနွေးဓာတ်လေးကိုမခံစားမိတာကြောင့် အိပ်ယာဘေးကိုလိုက်စမ်းပေမယ့် မတွေ့တာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဂျီမင်း hyung ကိုမတွေ့ရပါဘူး။ ညကတော့ "ဂျောင်ဂုဖက်ထား"ဆိုပြီး မဆုံးအောင်ချွဲခဲ့တဲ့ ဂျီမင်း hyung ဟာအခုတော့ ဘယ်ကိုရောက်နေပါသလဲ။

"hyung..........."

တုံ့ပြန်သံမကြားရတာကြောင့် ရေချိုးခန်းတံခါးကိုခေါက်လိုက်ပေမယ့် ဘာသံမှမကြားရပါဘူး။ တံခါးကိုဖွင့်လိုက်တော့လည်း hyung အထဲမှာရှိမနေတာကြောင့် "ဘာတွေဖြစ်ကုန်တာလဲ"လို့
သူရေရွတ်လိုက်မိတယ်။ သူရောက်နေတာ
ဂျီမင်း hyungရဲ့အဆောင်ဆို‌တာသေချာပြီး
ညကကိစ္စတွေကိုလည်း တိတိကျကျမှတ်မိနေပေမယ့် hyung ကဘယ်ရောက်သွားတာလဲ။

ဖုန်းဆက်ဖို့တွေးမိပေမယ့် ညက ဂျီမင်း hyung ဖုန်းကွဲသွားတယ်လို့ ပြောခဲ့တာကိုအမှတ်ရသွားကာ ကုတင်ပေါ်စိတ်ပျက်လက်ပျက်ထိုင်ချမိတယ်။ ဒီမှာဆက်စောင့်နေရမလားလို့တွေးမိပေမယ့် ပိုင်ရှင်မရှိတဲ့အခန်းမှာ သူဆက် မနေချင်တာကြောင့် ပြန်လိုက်ဖို့ပဲတွေးမိတယ် ။ ဂျီမင်း hyung ကျောင်းသွားနှင့်တာလည်းဖြစ်နိုင်တယ်လို့ သူ့စိတ်သူဖြေတွေးနေတဲ့ကြားက "ငါဘာမှားသွားတာလဲ......"လို့သူအကြိမ်ကြိမ်တွေးမိတာပဲ။

ဆံပင်တွေကိုဖွလိုက်ပြီး bedside table ပေါ်ကဖုန်းကိုဆွဲယူလိုက်ချိန်မှာ ဂျောင်ဂုလက်နဲ့ထိမိပြီး
ဂျီမင်းချန်ထားခဲ့တဲ့စာရွက်လေးက ကြမ်းပြင်ပေါ်ကိုလွင့်ကျသွားတော့တယ်။ သူဘာမှားလို့ ဒီတိုင်းထားခဲ့တာလဲလို့တွေးမိနေတဲ့ ဂျောင်ဂုကတော့
စိတ်ပျက်လက်ပျက်နဲ့ အဆောင်ထဲကနေထွက်လာခဲ့လိုက်ပါတယ်။ အဆောင်မှာရှိတဲ့ လုံခြုံရေးဦးလေးကြီးက ဂျောင်ဂုကိုမြင်တော့လက်ပြနှုတ်ဆက်တာကြောင့် ဂျီမင် hyung ကိုတွေ့မိလားလို့မေးကြည့်လိုက်တယ်။

"ဆိုးလ်ကိုပြန်မယ်ပြောတာပဲ.....မင်းကို
မနှုတ်ဆက်သွားဘူးလား......."

ဦးလေးကြီးအမေးကို သူခေါင်းခါပြလိုက်ပြီး အဆောင်ဝန်းထဲက ထွက်လာခဲ့လိုက်ပါတယ်။

.......................R.W.T.Stars.............................

လေယာဉ်ပေါ်ကဆင်းတာနဲ့ ဆိုးလ်မြို့ရဲ့လေထုနွေးနွေးက သူ့ကိုကြိုဆိုနေပါတယ်။ ဘယ်သူ့ကိုမှကြိုတင်အကြောင်းမကြားထားလို့ သူ့ကိုလာကြိုမယ့်သူ ရှိမနေပေမယ့် ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် သူ့စိတ်တွေက အတွေးများနေဖို့
မရှိခဲ့ပါဘူး။ သူ့အလုပ်က ဒီနေ့ပြောစရာရှိတာပြောပြီးရင် GabCrouch ကိုပြန်ဖို့ပါပဲ။

Rewrite the stars Where stories live. Discover now