Chapter -10

604 91 156
                                    

ညနေကျရင်ပြန်ရတော့မှာဖြစ်တာကြောင့် မနေ့ညကပင်ပန်းထားပေမယ့်လည်း သူတို့အစောကြီးပင်လယ်ထဲဆင်းကြပါတယ်။ ထုံးစံအတိုင်းဘောလုံးကန်တာကတော့မပါမဖြစ်ဖြစ်ပြီး ကမ်းခြေမှာလမ်းလျှောက်ကြသူတွေလည်းရှိပါတယ်။ တချို့ကတော့အပြန်လက်ဆောင်အတွက်
ရွာထဲကဆိုင်တွေ၊ ကမ်းခြေက ပစ္စည်းဆိုင်တွေမှာ ခြေရှုပ်နေကြပါတယ်။

"ခဏနေ လက်ဆောင်ပစ္စည်းသွားဝယ်ကြမလား hyung....."

ဘောလုံးကန်တာကို ခဏနားကြတော့ ဂျောင်ဂုက ဂျီမင်းကိုပြောတယ်။ အနက်ရောင်ဘောင်းဘီတိုနဲ့ တီရှပ်အနက်ကိုဆင်တာဝတ်ထားပြီး ရေစိုနေတဲ့ဆံပင်တွေကို လက်နဲ့သပ်တင်နေတဲ့
ဂျောင်ဂုကို ကမ်းခြေကလူတချို့က လှည့်တကြည့်ကြည့်ဖြစ်နေကြပါတယ်။

"သွားကြမယ်လေ......ကိုယ်လည်းလက်ဆောင်ဝယ်စရာရှိတယ်......"

"ရေပြန်ချိုးကြဦးမလား......"

ဘောလုံးကန်ထားတာကြောင့် ချွေးတွေစိုနေတဲ့အပြင် ရေတွေပါစိုရွှဲနေပေမယ့် ဂျောင်ဂုကတော့လန်းလန်းဆန်းဆန်းပါပဲ။

"မချိုးတော့ဘူးလေ..... hyung ချိုးချင်သေးလို့လား......."

"ဒီတိုင်းပဲသွားကြတာပေါ့......အဆောင်ပြန်ပြီး ပိုက်ဆံတော့ယူရမယ်...."

ဂျီမင်း hyung ကရေစိုနေတဲ့ဆံပင်တွေကိုသပ်တင်ရင်းပြောတယ်။ ကမ်းခြေကို ဘောလုံးကန်ဖို့ဆင်းလာခဲ့တာဖြစ်တာကြောင့် နှစ်ယောက်လုံးပိုက်ဆံအိတ်ယူမလာခဲ့မိကြဘူး။

"သွားကြမလား......."

"သွားမယ်လေ......"

ဒါနဲ့ပဲနှစ်ယောက်သားတည်းခို‌ဆောင်ကိုအရင်ပြန်ပြီး ပိုက်ဆံအိတ်ယူကြတယ်။ ပြီးမှ ရွာဘက်အခြမ်းကိုထွက်လာခဲ့ကြတယ်။ ကမ်းခြေဘက်ထက်ရွာလမ်းတလျှောက်မှာရှိတဲ့လက်‌ဆောင်ပစ္စည်းဆိုင်လေးတွေက ပစ္စည်းပိုစုံပါတယ်။ အထူးသဖြင့် လက်မှုပစ္စည်းလေးတွေကသိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ တချို့ဆိုင်လေးတွေဆိုရင် လက်ပတ်လေးတွေ၊ ဆွဲကြိုးလေးတွေ၊ dream catcher လေးတွေကိုကိုယ်သဘောကျတဲ့ပုံစံအတိုင်းလုပ်ပေးပါသေးတယ်။

Rewrite the stars Where stories live. Discover now