Chapter -29

629 66 14
                                    

ပြီးခဲ့တဲ့ရက်က သင်ကြားထားတဲ့ ရေဆေးပန်းချီဆွဲခြင်းကို ဂျီမင်းက စိတ်ဝင်တစားဖြစ်နေပြီး ကင်းဘတ်ရှေ့ကမခွာနိုင်ဖြစ်နေတာကို ဂျောင်ဂု က အိပ်ယာပေါ်မှာလှဲရင်း တငေးတမောကြည့်နေတယ်။ စုချွန်နေတဲ့နှုတ်ခမ်းတွေကို ကြည့်ရင်း အသည်းယားလာတာကြောင့် အိပ်ယာပေါ်ကထလာကာ ဂျီမင်းကိုအတင်းနမ်းတယ်။

"ငြိမ်ငြိမ်နေ......ဒီမှာ အလုပ်ရှုပ်နေတယ်......"

အာရုံပျက်သွားတဲ့အသေးလေးက မျက်မှောင်ကိုစုကျုံ့ပြီး လေသံမာမာနဲ့ပြောတော့ ဂျောင်ဂုပိုအသည်းယားသွားတယ်။ သူသာ ဂျောင်ဂုအာရုံများနေတာကို လိုက်ရှုပ်ချင်ရှုပ်မယ် သူ့ကိုရှုပ်ရင်တော့ ဂျီမင်းကမကြိုက်ပါဘူး။ အဲ့လို
အမူအကျင့်လေးကို ဂျောင်ဂုမှာတော့ချစ်လို့မဝနိုင်ဖြစ်နေရတယ်။

"ငြိမ်ငြိမ်နေပါဆို......ဒီမှာ ဆေးတွေပေကုန်ပြီ...."

ဆွေ့ခနဲပွေ့ချီလိုက်တာကြောင့် ဆေးတွေက
နှစ်ယောက်လုံးကို ပေကျံကုန်တယ်။ ဆေးပေတာချင်းအတူတူ ဂျောင်ဂုကပြုံးနေပြီး ဂျီမင်းကတော့ မျက်မှောင်ကျုံ့လို့။

"မောင် ဘယ်လိုဖြစ်နေတာလဲ....."

အိပ်ယာပေါ်မှာတင်ထားပြီး ပါးနှစ်ဖက်ကိုဘယ်ပြန်ညာပြန်နမ်းနေတဲ့ ဂျောင်ဂုရင်ဘတ်ကို
ခပ်ဆတ်ဆတ်ရိုက်လိုက်ပြီး ဂျီမင်းကအော်တယ်။

"ချစ်လို့ပါ ဂျီမင်းရယ်......အရမ်းချစ်စရာကောင်းနေတော့ နမ်းချင်လာတာ......"

ကလေးလေးတွေကိုနမ်းသလို မျက်နှာတစ်ခုလုံးနေရာလွတ်မကျန်စေရဘဲ အသံမြည်အောင်နမ်းနေတာကြောင့် ဂျီမင်းရယ်ချင်လာတယ်။

"ကိုရီးယားရောက်ရင် အခုလိုအချိန်တိုင်းနမ်းမရတော့ဘူးလေ.......မောင့်ကိုသနားပါဦး......"

ဆိုင်ဆိုင်၊မဆိုင်ဆိုင် ချွဲနေတဲ့ ဂျောင်ဂုရဲ့ဆံပင်တွေကို ဂျီမင်းကဖွနေရင်း တခစ်ခစ်ရယ်တယ်။အဲ့လိုခပ်ချွဲချွဲရယ်သံကို ဂျီမင်းဘယ်လိုရယ်တတ်သလဲလို့ သိချင်တဲ့သူတွေရှိရင်တော့ သေချာပါတယ်...ရည်းစားမထားဖူးတာဖြစ်ရပါမယ်။
ချစ်သူရည်းစားတွေကလူကျီစယ်ရင် ထွက်ပေါ်လာတတ်တဲ့ ရယ်သံမျိုးဟာ အပြင်လူကြားရင်တော့ ထူးဆန်းနေတတ်တာမျိုးမဟုတ်လား။

Rewrite the stars Where stories live. Discover now