Chapter -31

889 89 16
                                    

"မောင်က ဂျီမင်းကိုပါလိုက်ခဲ့စေချင်တာ......"

ညည်းညည်းညူညူပြောတဲ့ ဂျောင်ဂုကို ဆံပင်တွေဆွဲဖွကာ ဂျီမင်းစနောက်လိုက်တယ်။
ကောင်လေးကတော့ သူ့ပုခုံးကိုမှီကာ ‌ချွဲလို့ကောင်းနေဆဲ။

"ကိုယ်က ဆန်းမင်း hyung နဲ့ဆေးစစ်ဖို့ပြောထားတယ်လေ ဂျောင်ဂုရယ်......"

"ကျွန်တော်က အတူတူသွားချင်တာ......"

ဂျွန်စောနဲ့ ပိုရင်းနှီးပြီး သူနဲ့လည်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ကိုဖိတ်လာတာကြောင့်  ဂျောင်ဂု ဂျီမင်းနဲ့အတူ ဆန်းမင်း hyung နဲ့ ကျန်းမာရေးစစ်ဆေးဖို့ကိုလိုက်မသွားပေးနိုင်ဘူးဖြစ်နေတယ်။ အဲ့တာကိုအလိုမကျသလို သူငယ်ချင်းတွေကြားမှာ ဂျီမင်းက သူ့ချစ်သူဖြစ်ကြောင်း ကြွားချင်တာကို ဂျီမင်းက သူနဲ့အတူမလိုက်ပေးနိုင်တာကိုလည်း အလိုမကျချင်ဘူး။

"ကျွန်တော်မွေးနေ့မသွားတော့ဘူး.....ဂျီမင်းနဲ့ပဲလိုက်ခဲ့မယ်......"

"မဟုတ်တာ မောင်ရယ်.....တစ်ခါတလေမှဆုံရတဲ့ သူငယ်ချင်းတွေကို......."

သူနဲ့လိုက်မယ်ဆိုလည်း ဂျောင်ဂုစောင့်နေပေးရုံအပြင်ဘာမှမပိုတာကြောင့် ဂျီမင်းကတော့
မလိုက်စေချင်ပါဘူး။ ပြီးတော့ ဂျောင်ဂုကို သူတစ်ယောက်ထဲနဲ့ အမြဲတမ်းအချိန်မကုန်စေချင်ဘူးလေ။ သူကအပြည့်အဝဖြည့်ဆည်းပေးနိုင်တဲ့
အခြေအနေမျိုးမဟုတ်တာကြောင့် ဂျောင်ဂု ငြီးငွေ့တာမျိုးဖြစ်မှာစိတ်ပူမိပါတယ်။

"ဒီလိုလုပ်လေ......ကိုယ် ဆန်းမင်း hyung နဲ့ ဆွေးနွေးတာပြီးရင် လိုက်လာခဲ့လိုက်မယ်.... မောင်က ကိုယ့်ကို ပါတီကနေပဲစောင့်.....ဘယ်လိုလဲ......"

ပုခုံးပေါ်ကို ခေါင်းမှီထားဆဲဂျောင်ဂုကို ဂျီမင်းကပြောပြီး ရှေ့ကနွားနို့ခွက်ကိုယူကာတစ်ငုံသောက်‌ စေတယ်။ နွားနို့ကို သိပ်မကြိုက်လှပေမယ့် အခု
တလောကျန်းမာရေးလိုအပ်ချက်အရ ဂျီမင်းသောက်နေရတဲ့အတွက် ဂျောင်ဂုကလည်းအတူလိုက်သောက်ပေးနေခြင်းသာ။

"ကိတ်မုန့်ထပ်မှာလိုက်ရမလား......"

"ဟင့်အင်း.....တော်ပြီ....."

Rewrite the stars Where stories live. Discover now