Chapter -26

449 61 14
                                    

Richard ကိုဆေးရုံမှာနှစ်ရက်၊သုံးရက်ခန့်ထားရမယ်လို့ ကိုကိုဆောင်ဟွန်းကဖုန်းဆက်လာတော့ ဂျီမင်းနဲ့ဂျောင်ဂုအတူ Liamတို့အိမ်မှာ ညအိပ်ပေးဖို့ဖြစ်လာတယ်။ Liamကစိတ်ကျရောဂါရှိ‌ နေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် suicide လုပ်နိုင်တဲ့အခြေအနေဖြစ်တာကြောင့် တစ်ယောက်ထဲထားဖို့ မဖြစ်နိုင်ပါ။အဝတ်အစားနဲ့လိုအပ်တဲ့အသုံးအဆောင်တွေကို သူတို့ဆီကယူသုံးဖို့ Liamကပြောပေမယ့် ဂျောင်ဂုက ဂျီမင်းအဆင်
မပြေမှာစိုး‌တာကြောင့်ပစ္စည်းယူဖို့အိမ်ပြန်သွားခဲ့တယ်။

"ဂျောင်ဂုကို အားနာစရာနော်.......ဂျီမင်းတို့ကို အကူအညီတောင်းရတာ အားနာပါတယ်....."

ဂျောင်ဂုပစ္စည်းသွားပြန်ယူတဲ့အချိန်မှာ သူတို့ပဲကျန်ခဲ့တော့ Liamက ဂျီမင်းကို အားနာကြောင်းပြော‌တယ်။

"ရပါတယ် ..... ကျွန်တော်တို့က မိတ်ဆွေတွေပဲကို... ဒီလောက်တော့ ကူညီရမှာပေါ့......."

Liamက မျက်နှာမကောင်းလှပေမယ့် ဂျီမင်းကိုတော့ ပြုံးရင်းစကားပြောနေပါတယ်။

"တနင်္လာနေ့ Richard ဆေးရုံကမဆင်းရင် ကျွန်တော်တို့ခွင့်ယူပြီးစောင့်ပေးမယ်........"

"မဟုတ်တာ.......ကျောင်းမပျက်ပါနဲ့......."

"Liamတစ်ယောက်ထဲဖြစ်နေမှာစိုးလို့ပါ....."

"မလုပ်ပါနဲ့.....ကျောင်းပျက်တဲ့အထိဆို ကိုယ်ပိုအားနာမိမယ်......"

"အဲ့တာဆိုလည်း ညဘက်တော့ ဒီမှာလာအိပ်ပေးမယ်လေ......"

"ကျေးဇူး ဂျီမင်း.......ဒီရက်တွေမှာ ကိုယ်စကားပြောဖော်တကယ်လိုနေတာ........."

သက်ပြင်းဖွဖွချရင်း စားပွဲပေါ်ကကော်ဖီခွက်ကိုယူပြီး Liamကလက်ချောင်းတွေနဲ့ထိတွေ့နေတယ်။

"Richard ကို ကိုယ်လက်လွှတ်ပေးလိုက်သင့်ပြီထင်တယ်........"

ဆွေးဆွေးမြေ့မြေ့စကားသံကြောင့် ဂျီမင်းစိတ်မကောင်းဖြစ်သွားတယ်။

"ဘာလို့လဲ......စကားပြောကြည့်ပါဦး.....Liamတို့ချစ်တယ်မဟုတ်ဘူးလား......."

ဂျီမင်းစကားကို Liamကခပ်ဖွဖွပြုံးတယ်။အသက်နှစ်ဆယ်ကျော်ကောင်လေးရဲ့အတွေးတွေဟာ သူတို့လိုအသက်သုံးဆယ်ကျော်လူကြီးတစ်ယောက်လို ရင့်ကျက်မနေတာ ချစ်စဖွယ်ပါပဲ။

Rewrite the stars Where stories live. Discover now