Chapter (897)"အနက်ရောင် မြင်းတပ် အတွင်းဝယ်"

Start from the beginning
                                    

ထို့ကြောင့် နောက်ဆုံးတွင် အားလုံး၏ ဆန္ဒအရ ရှန်ဂွမ်ဇုဖန်၏ သားဖြစ်သူကို ဦးဆောင်ခိုင်းစေလိုက် သည်။

သို့သော် သားဖြစ်သူ သခင်လေး ရှန်ဂွမ်တိုင်လည်း ထိုနေရာတွင် မတည်မြဲလိုက်။

တိုက်ခိုက်မှု တစ်ခုကြောင့် သေလုမျောပါးပင် ဖြစ်သွားရတော့သည်။

ရဲရှောင်က ထိုအကြောင်းများကို စခန်းသို့ မရောက်ခင်ကတည်းက မေးမြန်းရင်းဖြင့် သိခဲ့သည်။

သားဖနှစ်ယောက်လုံးအဖို့ ကြမ္မာငင်ခဲ့သည်ဟုပင် ဆိုရမည်။

အဖေဖြစ်သူ ဒဏ်ရာရပြီး နှစ်ဝက်လောက် အကြာ တွင် သားဖြစ်သူက ထိုသို့ ဖြစ်သွားခဲ့ရသည်။

အနက်ရောင် မြင်းတပ်အတွက်မူ ဆုံးရှုံးမှုကြီး တစ်ခုပါပင်။

ထိုအချိန်တွင် ရှောင်ဧကရာဇ်မှာ သေဆုံးသွားခဲ့ရ သည်။

သို့သော် ကံတရားက ဆန်းကျယ်လှသည်။

ရဲရှောင်က ဆိုက်ဆိုက်မြိုက်မြိုက်ပင် ယခုနေရာ သို့ ရောက်လာရပြီ မဟုတ်ပါလား။

ထိုအချိန် အတိတ်က အကြောင်းများကို ရဲရှောင် ပြန်တွေးမိလိုက်သည်။

အနက်ရောင် မြင်းတပ်က လိဝူလျန်အပေါ် အကူ အညီ များစွာ ပေးခဲ့ဖူးသည်။

ထို့ပြင် လိဝူလျန်၏ သေဆုံးခြင်းအတွက်လည်း လက်စားပြန်ချေပေးခဲ့သည်။

ထို့ကြောင့် သူလည်း တတ်နိုင်သမျှ ပြန်ကူညီပေး ရမည် မဟုတ်ပါလား။

ထိုစဉ် ထွက်ပေါ်လာသည့် စကားသံကြောင့် ရဲရှောင်၏ အတွေးစ ပြတ်သွားသည်။

“ငါတို့ရဲ့ သခင်လေးက အထဲမှာပါ . . .”

“ဒီမှာ ခဏစောင့်နေဦး . . .”

ထိုသို့ ပြောလိုက်သူက အခြားမဟုတ်။

မြင်းတပ်၏ ယာယီခေါင်းဆောင် တောင်တန်းဓား လျူဖုန်းပင် ဖြစ်သည်။

သူက မူလတာအို အဆင့်ခုနှစ် ရှိသော ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

သို့သော် သူ့ထံတွင် ယခင်ကလို အရှိန်အဝါမျိုး မရှိတော့။

စိုးရိမ်မှု၊ ပူပန်မှု၊ ပင်ပန်း နွမ်းနယ်မှုများဖြင့်သာ ပြည့်နေတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now