၈၆၆ - ၈၇၀

Start from the beginning
                                    

    “ဒီနေ့ သိုင်းပြိုင်ပွဲရဲ့ စတုတ္ထအဆင့် ပဉ္စမအဆင့်နဲ့ ဆဌမအဆင့်ကိုကြေညာမယ်…စတုတ္ထအဆင့် ကျန်းရှောက်ရုံ၊ ပဉ္စမအဆင့်ရီရှောင် နဲ့ ဆဌမအဆင့်ပိုင်ဟဲ"
     လှောင်အိမ်တိုက်ပွဲကွင်း၏ အထက်ကောင်းကင်တွင် အဘိုးအိုတစ်ယောက်သည် ထည်အောင်သော အသံဖြင့် တဖန်ကြေညာလိုက်သည်။

      “ဆဌမအဆင့်အတွက် အဆင့်နိမ့်မူလကျောက်တုံး နှစ်ထောင်ရမယ်…ပဉ္စမအဆင့်အတွက် အဆင့်နိမ့်မူလကျောက်တုံးငါးထောင်ရရမယ်…စတုတ္ထအဆင့်အတွက် အဆင့်နိမ့်မူလကျောက်တုံးတစ်သောင်းရမယ်"
    အခြားအဘိုးအို ခေါင်းညိတ်လိုက်သည်။
    မျှော်လင့်ထားသည့်အတိုင်း အဘိုးအို၏ စကားဆုံးသည်နှင့် နေရာတစ်ခွင်လုံး ပွက်လောရိုက်သွားသည်။

     “အဆင့်နိမ့်မူလကျောက်တုံးတစ်သောင်း"
    ထိုအချိန်၌ လူများစွာ၏ ပူလောင်ပြင်းပြသော အကြည့်များသည် ကျန်းရှောက်ရုံပေါ်သို့  စုပြုံကျရောက်လာသည်။

     “စတုတ္ထအဆင့်ကတင် အဆင့်နိမ့်မူလကျောက်တုံးတစ်သောင်းရတယ်ပေါ့"

     “ဒီလိုဆို ထိပ်ဆုံးသုံးယောက်က မူလကျောက်တုံးတွေ အများကြီးပိုရမယ်လို့ဆိုလိုတာလား"

      “သိုင်းပြိုင်ပွဲမှာ ပထမရတဲ့လူဆို ဘယ်လောက်တောင်ရမလဲ"
  
      ………

    ပတ်၀န်းကျင်က လူများစွာသည် ယနေ့မင်းဆက်သိုင်းပြိုင်ပွဲ၏ ဆုကြေးကို သိချင်လာသည်။
    လူတော်တော်များသည် ထိပ်ဆုံးသုံးယောက်အတွက်ဆုများကို ပို၍ပင် သိချင်နေကြသည်။
       အင်ပါယာမိသားစုသည် ဤမျှကြွယ်၀ချမ်းသာခြင်းအပေါ်  မည်သူမျှ မအံ့ဩကြပေ။
     အင်ပါယာမိသားစုသည် ဒက်ခံမင်းဆက်၏ မူလကျောက်ကြောအား ချုပ်ကိုင်ထားကြောင်းကို သူတို့သိသည်။
     သူတို့သည်  အချို့ထိပ်တန်းကလန်များနှင့် ဝေမျှရမည်ဖြစ်သည့်တိုင် ကျောက်ကြောထဲမှ မူလကျောက်တုံးငါးဆယ်ရာခိုင်နှုန်းကျော်သည် အင်ပါယာမိသားစု၏ လက်ထဲတွင်ဖြစ်သည်။

      “စတုတ္ထအဆင့်ကတင် အဆင့်နိမ့်မူလကျောက်တုံးတစ်သောင်းရတာလား"
        သွမ့်လင်းထျန်၏ အကြည့်များ တောက်ပသွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now