Chapter -0

3.2K 210 84
                                    

"ဘာတွေမြင်ရလဲ ဂျီမင်း....."

နံရံရော၊မျက်နှာကြက်ရောအဖြူရောင်သုတ်ထားတဲ့ အခန်းရဲ့ ကုတင်ပေါ်မှာလှဲနေတဲ့ ကောင်လေးကို ဆရာဝန်ကမေးခွန်းထုတ်တယ်။ ဆရာဝန်ရဲ့ ရင်ဘတ်မှာ *ဆန်းမင်း*ဆိုတဲ့ နာမည်ကတ်ပြားကိုတပ်ထားပြီး စိတ်ရောဂါကုထုံးဌာနဆိုတဲ့နာမည်ပြားကို ရုံးစားပွဲပေါ်မှာတင်ထားတယ်။

"အဆောက်အဦတွေကိုတွေ့တယ်........"

"ဆက်ပြောပါဦး........"

"ရောင်စုံဆေးခြယ်ထားတဲ့အဆောက်အဦတွေ...
ပြီးတော့ ပန်းချီဆွဲထားတဲ့နံရံတွေ.......ပြီးတော့
မျက်လုံးဝိုင်းဝိုင်း၊ဆံပင်နက်နက်လေးနဲ့ ကောင်လေးတစ်ယောက်က ကျွန်တော့်ကို ဖက်ထားတယ်......"

ဂျီမင်းပြောတဲ့စကားတွေကို နားထောင်ပြီး
ဆန်းမင်းမျက်မှောင်ကျုံ့လိုက်မိတယ်။ ဂျီမင်းကို
မှတ်ဥာဏ်‌ဖျောက်ကုထုံးလုပ်ပေးနေတာ ဒါဟာဆယ့်ငါးကြိမ်မြောက်ဖြစ်နေပြီကို အခုထိအဆင်မပြေသေးဘူးလား။

"ဆက်ပြောပါဦး........."

"ကျွန်တော့်ကိုထားခဲ့တယ်...ကျွန်တော်လိုက်ဖမ်းတာ မမိတော့ဘူး........လှည့်မကြည့်တော့ဘူး..."

တုန်ရင်လာတဲ့စကားသံတွေနဲ့အတူ ဂျီမင်းပါးပြင်ကို မျက်ရည်တွေလိမ့်ဆင်းလာတယ်။

"လှည့်ထွက်သွားတာ......ကျွန်တော့်ကိုလှည့်မကြည့်ဘူး........"

"ဆက်မလိုက်နဲ့တော့.......အသံကို အာရုံစိုက်
ဂျီမင်း......လက်ဖျောက်တီးသံ သုံးချက်ကြားရင်
အဲ့ဒီအကြောင်းတွေကို မေ့လိုက်တော့.....
ဒါ အိမ်မက်တွေပါ.........."

ဆန်းမင်းစကားကြောင့် ဂျီမင်းအသက်ရှူသံတွေကတဖြည်းဖြည်းတည်ငြိမ်လာတယ်။

"ပြန်လှည့်လာခဲ့တော့......အိမ်မက်ဆိုတာ နိုးတာနဲ့
ပျောက်ကွယ်သွားရတာချည်းပဲ......"

ဆန်းမင်းရဲ့လေသံတိုးတိုးက အဖြူရောင်အခန်းထဲမှာ ပျံ့လွင့်နေတယ်။ ဖွင့်ထားတဲ့အပူပေးစက်ကနေ လွင့်ပျံလာတဲ့ လေနွေးနွေးကအခန်းတစ်ခုလုံးကိုလွှမ်းခြုံထားတာကြောင့်နေရတာ ပိုပြီးသက်တောင့်သက်သာဖြစ်လာစေတယ်။

Rewrite the stars Where stories live. Discover now