Part🍀 39 (U&Z)

Start from the beginning
                                    

"ငယ်ကွာ... ရူးတော့မှာပဲ ပြပါအုံးအဲ့ရှက်နေတဲ့မျက်နှာလေး"

ငယ့်မျက်နှာလေးကို ခွန်းဆွဲယူမော့လိုက်တော့ စတော်ဘယ်ရီသီးလေးအလား နီရဲနေလေ၏။ ချစ်မဝဖြစ်နေရသည့်အဆုံး နဖူးလေးကိုနမ်းလိုက်တော့ ပြန်ပြီးငုံ့ဝင်သွားသည့်ငယ်က ခွန်းကျောပြင်ကိုတစ်ချက်ထုလာလေသည်။

"ငယ့်ကို ကိုကြီးသိပ်ချစ်တာငယ်သိလားကွ"

"ကိုကြီးကိုလဲ ဖြူငယ့်အသက်ထက်ပိုချစ်တာပါနော်"

"အင်းပါငယ်ရယ် ကိုကြီးယုံပါတယ် "

ငယ်က ကိုယ့်ကိုသက်သေပါတစ်ခါထဲပြခဲ့တာမလို့ ကိုကြီးယုံပါတယ်ငယ်ရယ်။

ဖြူငယ်တို့ထမင်းစားပြီးထဲက လေးဖေ အန်တီမေတို့နှင့် ဇာတ်ကားအတူကြည့်နေပြီး ကိုကြီးကတော့ ပုံဆွဲမည်ဟုဆိုကာအခန်းထဲဝင်သွားလေတော့သည်။ လေးဖေက အရမ်းသဘောကောင်းပြီး အန်တီမေ့လိုပဲ ဖြူငယ့်ကိုအလိုလိုက်ပေးချစ်ပေးသည်ကြောင့် ဖြူငယ့်မှာအနေမကျပ် ပျော်ရသည်။

"ကိုကြီး "

"ဗျ"

"မပျင်းဘူးလား"

"ငယ်ပျင်းလို့လား ငယ်အောက်မှာTV ကြည့်နေတာမလား ဘာဖြစ်လို့လဲ ဒယ်ဒီ့ကိုကြောက်လို့လား"

"မကြောက်ပါဘူး လေးဖေတို့ကအသီးတွေခွံ့ကျွေးနေကြတာ ဖြူငယ့်ကိုတော့မကျွေးဘူးလေအဲ့မှာ"

"ဟောဗျာ ဖေဖေကမေမေ့ကိုခွံ့ကျွေးတာအဆန်းလားငယ်ရဲ့ ငယ်လဲ ဝင်လုစားခဲ့တာမဟုတ်ဘူး"

"အသီးစားချင်လို့မဟုတ်ပါဘူးဆို အဲ့လိုကြီးကျတော့ ဖြူငယ်ကအားငယ်ရတာပေါ့ကိုကြီးကလဲ"

ခွန်းရဲ့အင်းကျီစကိုဆွဲပြီးတိုင်နေသည့်ငယ်က ခလေးလေးအတိုင်းကိုဖြစ်နေလေသည်။

"သွားပြန်ကလဲ့စားချေမလားငယ် "

"မလုပ်တော့ပါဘူး လူကြီးတွေကိုအလျှော့ပေးတာပေါ့ ဖြူငယ်တို့လဲနောက်မှသွားရိုကြမယ်လေနော် "

"ဟုတ်ပြီဗျာ "

"ထိုင်မလို့ "

"လာပါဗျာ"

ခွန်းရဲ့ပေါင်ပေါ်ဝင်ထိုင်ပြီး ရင်ခွင်ထဲကနေ၍ ပုံကိုစိတ်ဝင်တစားကြည့်နေလေသည့်ငယ်က ခေါင်းလေးမော့ကြည့်လာလေသည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now