Part🍀 34 (U&Z)

Start from the beginning
                                    

"ငယ့် မငိုနဲ့လေကွာ
စလိုက်တာလေကိုကြီးက"

ငယ့်ပါးစပ်ကိုပြေးအုပ်၍ ဖြေရှင်းချက်ပေးလိုက်တော့လဲ လက်ကိုအတင်းဖယ်နေပြီးဆက်ငိုနေလေသည်။

"ငယ်ကလဲ ကိုကြီးရှင်းပြတာနားထောင်အုံးလေ"

"အွန်း.."

"တဂယ်လို့ကိုကြီးသာ မတော်မတရားကျင့်ရင် ငယ်ဒီအတိုင်း အကောင်းတိုင်းရှိနေပါ့မလားပြော"

"အဲ့လိုလား "

"အင်းလေးဗျာ"

မျက်ရည်လေးတွေသုတ်လိုက်သည့်ငယ် အငိုတိတ်သွားပြီဖြစ်သည်။ ငယ်ကငိုတာလဲလွယ်သလို ချော့ရတာလဲလွယ်သားပဲကွာ။

"ဘာလို့အဲ့ကျရင် အကောင်းတိုင်းမရှိတာလဲဟင်ကိုကြီး"

ငယ့်ကိုပြောလိုက်ချင်သည်က တစ်ခုခုဖြစ်ခဲ့ရင် ကိုကြီးအချစ်ကြမ်းပုံနှင့် ငယ်မေ့လဲနေလောက်ပြီလို့ ဒါမယ့်ငယ်ရှက်နေမည်ဆိုး၍ ပြောမထွက်ခဲ့ပေ။

"ငယ် မေးတတ်တယ်နော် "

"ဖြူငယ် မသိလို့ကို"

"လက်တွေ့ပြရမလားအခု"

"ဗုဒ္ဓေါ လက်တွေ့ပြမယ်ဆိုတာကြည့်ပဲ"

ဖြူငယ်ကမသိလို့မေးတာကို လက်တွေ့ပြမယ်ကြည့်ပဲ ဟီး ကိုကြီးကိုသေချာကြည့်လိုက်တော့ ဗိုက်ကြွက်သားတွေက အမြောင်းလိုက် ရင်ဘက်ကြီးကလဲအကျယ်ကြီး ဖြူငယ်ကိုင်ကြည့်ချင်ပေမယ့် ကိုကြီးအပြောတွေကြောင့် ကိုယ့်အခန်းကိုယ် ပြေးလာခဲ့သည်။

ရင်ဘက်လေးဖိပြီး အစောကအဖြစ်ကို ပြန်တွေးနေခိုက် ဝင်လာသူက တင့်တင့်ဖြစ်နေသည်။

"မမလေး ညက အကိုလေးအခန်းမှာ...."

"တင့်တင့်ဘယ်လိုသိလဲ"

"ဒီအတိုင်းတွေ့လိုက်လို့ပါ"

"ဖြူငယ်တို့ဘာမှမဖြစ်ခဲ့ဘူးနော် တမျိုးမထင်နဲ့ ရိုးရိုးသားသားပဲ ဒီတိုင်းအိပ်ခဲ့တာ "

"ရှင်..."

"ဟုတ်တယ် ဖြူငယ်ဘယ်အချိန်ကအိပ်ပျော်သွားမှန်းတောင်မသိဘူး တင့်တင့်ဘယ်သူ့မှမပြောနဲ့နော်"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now