Part🍀 31 (U&Z)

Start from the beginning
                                    

"အွန်း"

"ငယ့်က သူ့ထက်ဘယ်နေရာမှာ မသာပဲလျော့နေလို့လဲ ငယ်ဒီလောက်ချစ်စရာကောင်းတာ သူ့မှာရှိလို့လား..."

"အွန်း"

"ငယ်ဒီလောက်ဖြူစင်တာ သူ့မှာရှိလို့လား.."

"အွန်း"

"ငယ်ဒီလောက်အပြစ်ကင်းတာ သူမှာရှိလို့လား.."

"အင်း"

"ငယ့်ရဲ့ပါးဖောင်းဖောင်းလေးလိုရော သူ့မှာရှိလို့လား.."

"အွန်း"

"ကိုကြီးအချစ်တွေကငယ်နဲ့ပဲထိုက်တန်တာ သူကထိုက်တန်လို့လား.."

"အွန်းလေ အဲ့တာကိုသူက... "

ဖြူငယ်ဆက်ပြောခါနီး စကားလုံးပျောက်သွားရတော့သည်။

"ဟမ်.. ဖြူငယ့်ကိုချီးကျူးလိုက်တာလား"

"ငယ့်အကြောင်းပြောပြတာလေ"

"ဟီး ဖြူငယ့်ကို တဂယ်ပဲအဲ့လိုတွေးတာလားကိုကြီးက"

အစောကနှင့်မတူ မျက်နှာလေးလန်းလာသည့်ငယ်က ရယ်ပြုံး၍ဖြစ်သည်။

"ငယ်က ကိုကြီးအတွက် အရာရာပြည့်စုံပြီးသား ကျန်တာဘာမှမလိုဘူး ငယ်အနားရှိနေပေးဖို့ပဲလိုတာသိလား"

ဖြူငယ်ရှက်သွားသည်ကြောင့် ထပ်ဝယ်ထားသည့်မုန့်တွေဖောက်၍စားနေလိုက်သည်။

"ကိုကြီးချစ်တာငယ်တစ်ယောက်ထဲ မိန်းခလေးဆိုလို့ငယ့်တစ်ယောက်ပဲကိုကြီးအနားထားတာ ငယ့်ကိုကိုကြီးကသိပ်ချစ်လို့ကွ "

မုန့်စားရင်းကနေ တစ်ခစ်ခစ်နှင့်ရယ်နေသည့် ငယ့်ကြောင့် ခွန်းမှာလဲပျော်ရသည်။ ရင်တွင်းဖြစ်တွေပြောနေတာကိုကွာ ငယ်ကတော့လေ။ ငယ်စိတ်ချောက်ချားသည့်အခါ တစ်ခါတစ်လေ နားလည်ရခက်ပေမယ့် သေချာထိန်း၍ပြောပြလိုက်ရင်လဲ ခလေးတစ်ယောက်လို စကားနားထောင်တတ်သေးသည်မို့ တော်သေးသည်။ ငယ်က တဂယ်ဆိုခလေးလေးပဲကွ ပြောစကားနားထောင်တဲ့ခလေးလေးပေါ့။

"အင်း ဖြူငယ့်ကိစ္စရှင်းပြီးပြီဆိုတော့ ပြောပါအုံး ကိုကြီးဘာလို့ ဖြူငယ့်ကိုအလုပ်မခေါ်တာလဲဆိုတာ "

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now