Part🍀 13 (U&Z)

Start from the beginning
                                    

"ဒို့ပြီးမှလိုက်ခဲ့မယ်လေ သွားနှင့်လိုက်နော် "

" အင်းပါ..."

ဖြူငယ်စတိုခန်းထဲရောက်သည်နှင့် တွေ့လိုက်ရသည်က ရှိသမျှပစ္စည်းများ ပွလန်ကျဲလို့။ ပြုတ်ကျထားတာမဟုတ်မှန်းဖြူငယ်သိသည် တမင်လုပ်ထားခြင်းဖြစ်မည်ကိုလည်းမှန်းမိသည်။စိတ်တိုတို
နှင့် တံခါးအပြင်ထွက်ရန်ပြင်သော်လည်း တံခါးကိုအပြင်မှ သော့ခက်ထားသည်လားမသိ ဖွင့်မရပေ။

"အပြင်မှာလူရှိလားဟင် နှင်းနှင်းရေ...အပြင်မှာလူရှိလားလို့ ."

"နှင်းနှင်း လူရှိလားအပြင်မှာ တံခါးဖွင့်ပေးပါအုံး "

လည်ချောင်းတွေတောင်နာရသည်အထိ အတော်ကြာအော်ခေါ်ပြီးမှနှင်းနှင်းကပြန်ထူးလေသည်။

"အော်ဖြူငယ်အထဲမှာရှိတာလား ဒို့က ပစ္စည်းစစ်ပြီးသွားပြီထင်လို့ သော့ခက်လိုက်တာ "

"အထဲမှာဖြူငယ်ရှိတယ်လေ အခုသော့ဖွင့်ပေးအုံး"

"အိုက်ယား နှင်းနှင်းသော့ဘယ်နားပျောက်သွားလဲမသိဘူး ရှာပြီးရင်လာဖွင့်ပေးမယ်နော် ပစ္စည်းအရင်စစ်ထားလိုက်နော် "

တမင်လုပ်မှန်းသိသော်လည်း ဖြူငယ်ဘာမှမလုပ်နိုင်ဘူးမို့လား ဖြူငယ်ပြဿနာဖြစ်ပြီး ဒီအလုပ်ကထွက်လို့မရသေးဘူးလေ။

"ဟူး.... စိတ်လျှော့ထားဖြူငယ် ပစ္စည်းအရင်ပြန်စီရမယ်"

ဖြူငယ်ကိုယ့်ကိုအားပေး၍ ပွကျဲနေသည့်ပစ္စည်းများကိုစီလိုက်တော့သည်။ တစ်ယောက်ထဲ ရှိသမျှပစ္စည်းများပြန်စီနေရသည်မို့ duty out ခါနီးထိမပြီးသေးပဲနဲနဲတောင်ကျန်နေသေးသည်ဖြစ်သည်။ ဖြူငယ်တစ်ကိုယ်လုံးဟာလဲ မလှုပ်ချင်တော့သည်အထိညောင်းချိနေပြီမို့ ဖြူငယ်အဆောင်ကိုသာပြန်ချင်နေတော့သည်။

"နှင်း ဟိုတစ်ယောက်ဘယ်ရောက်နေလဲ "

"အကိုကလဲ နှင်း သူ့ကိုပညာပါးပါးလေးပြထားတယ်.... "

"အရမ်းတော့မလွန်နဲ့နော် သူကအကို့အတွက်ဆိုတာလဲသိထားအုန်း..."

"အဲ့တာကြောင့်တမင် ပညာပြပေးနေတာလေအကိုရဲ့ နောက်ဆိုသူဘာမှမလှုက်ရဲအောင်လို့နှင်းက စေတနာနဲ့ပါ..."

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now