Part🍀 11 (U&Z)

Start from the beginning
                                    

နိုရာချိုင့်လေးဆွဲ၍ ပြန်သွားသည်နှင့်ဖြူငယ်လဲ Counter ထဲတွင်သာထိုင်နေတော့သည်။ ဟုတ်ပါသည် ပထမနေ့တွင်အလုပ်ချိန်နောက်ကျနေသည်က ထိုသူတစ်ယောက်ထဲသာဖြစ်တော့သည်။

မကြာလိုက်ပါ လက်နှစ်ဖက်လုံး Tattoo အပြည့်၊ ဝတ်ထားသည်က အပေါက်အပြဲအင်းကျီများနှင့် အရပ်ရှည်ရှည်လူတစ်​ယောက်ဝင်လာသည်နှင့် Counter တွင်ဖြူငယ်နှင့်တူတူထိုင်နေသည့်နှင်းနှင်းပြေးသွားလေသည်။

"အကို နှင်းနှင်းတို့က မျှော်နေတာကို ခုမှလာတယ်နော် "

"အကို့ကိုမျှော်နေတာပေါ့ မဒီလေးတွေက "

"ဒါပေါ့လို့ အကို့Uniform လေးရော့ ဟိုဘက်မှာအဝတ်လဲခန်းနော် နှင်းနှင်းတို့စောင့်နေမယ်..."

နှင့်နှင်းလက်ထဲအသင့်ပါလာသည့် အသစ်စက်စက် uniform လေးကပေးလိုက်တော့ အကိုမင်းသစ္စာကဆွဲယူသွားတော့သည်။

"OK "

ဘယ်လိုပဲဆိုးတယ်ပြောပြော ချမ်းသာသည့်မျိုးဆက်ဖြစ်လို့ နှင်းနှင်းတို့အဖွဲကပ်နေကြခြင်းဖြစ်သည်။ တစ်ချို့ကလဲ ဆိုးလွန်း၍ကြောက်လို့တမင်ဟန်လုပ်ကာ ရင်းနှီးချင်ယောင်ဆောင်နေကြခြင်း။ ဒါမှသူတို့ကိုအနိုင်မကျင့်ကြမှာလေ။ နှင်းနှင်းကတော့မကြောက်ပါဘူး အကိုမင်းသစ္စာနဲ့ရင်းနှီးချင်ပါသည်။ အကိုမင်းသစ္စာကလဲခေသူမှမဟုတ်ပဲလေ။

"ဖြူငယ်သိလား

အဲ့တာ အကိုမင်းသစ္စာလေ အရမ်းချောတာပဲမို့လား "

"အင်း ဖြူငယ်မကြည့်လိုက်မိဘူး "

"ဖြူငယ်တစ်ယောက်ထဲ  Counter ထိုင်းလို့ရလား "

"ရပါတယ် ဖြူငယ်တစ်ယောက်ထဲလဲရတယ်လေ "

"Ok ကျေးဇူး "

ပေါ့ပျက်ပျက်နှင့်ပြောသွားသည့်နှင်းနှင်းကို ဖြူငယ်ခေါင်းပဲညိမ့်ပြလိုက်သည်။

"အကိုဒီမှာထိုင်လေ အလုပ်က လုပ်စရာမရှိပါဘူး "

"အကိုကလဲ အလုပ်လာလုပ်တာမှမဟုတ်ပဲ ဒီမှာစော်လေးတွေလန်းတယ်ဆိုလို့လာတာလေကွာ "

"ခစ်ခစ် အကိုကတော့လုပ်ပြီ "

"ဒါနဲ့ အဲ့တစ်ယောက်က ဘယ်သူလဲ "

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now