"သူဋ္ဌေးလေး ကျွန်တော့ကိုခေါ်တယ်ဆိုလို့.."

"ဟုတ်တယ် ဒီဖောင်လေးတစ်ချက်ကြည့်ပေး.."

သူဌေးလေးကမ်းပေးသည့် ဖောင်လေးကိုစက်စံသေချာစွာ ကြည့်လိုက်သည်။

"အတွေ့အကြုံရှိတယ်ဆိုတော့
မဆိုးပါဘူးသူဋ္ဌေးလေး ဘယ်ဌာနမှာခန့်ချင်လို့လဲဗျ..."

"မင်းဦးစီးတဲ့ Mini Mart မှာ
လုပ်ရိုးအတိုင်း အင်တာဗျူးအရင်ခေါ်လိုက်..."

"ဟုတ်ကျွန်တော်နေ့လည်ခေါ်လိုက်ပါ့မယ်... "

မနက်က အလုပ်အင်တာဗျူးရန် ဖုန်းဆက်သဖြင့်ဖြူငယ်မောင်လေးနှင့်ထွက်လာခဲ့သည်။

အနည်းငယ်ဝေးသည်ဆိုပေမယ့် အရင်အင်တာဗျူးကြည့်မည်ဟု ဆုံးဖြတ်ထား၍ ဖြူငယ်မှာ ယခုတော့ Mart လေးတစ်ခုအတွင်းသို့ရောက်နေပြီဖြစ်သည်။

"ညီမနာမည်က သျှင်ယွန်းဖြူငယ်နော်"

"ဟုတ်"

"အတွေ့အကြုံလဲရှိတယ်ဆိုတော့ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး အကိုတို့ဆိုင်မှာလုပ်မယ်ဆို 6 လစာချုပ်ရမယ် လစာက 4 သိန်းက စရမယ် စာချုပ်မပြည့်ပဲထွက်ရင်တော့ 3 ဆပြန်လျော််ရမယ်နော် ညီမအဆင်ပြေလား.."

"ဟုတ် ဟိုဟာလေ လစာကအရမ်းများနေသလားလို့ အလုပ်ချိန်များလို့လားဟင် ဖြူငယ့်အတွက်လစာကအရမ်းများနေလို့ပါ"

"ခဏလေးနော်ညီမ အကိုဖုန်းလေးခဏပြောလိုက်အုံးမယ်"

အခန်းထဲမှထွက်၍ စက်စံလဲသူဌေးလေးဆီဖုန်းဆက်ရသည်။

"Hello သူဌေးလေး "

"အင်းစက်စံ ပြော"

"သူဌေးလေး သူကလစာအရမ်းများနေတယ်ပြောနေလို့ ကျွန်တော်ဘယ်လိုစီစဥ်လိုက်ရမလဲ"

"အင်း...လစာက 4 သိန်းပဲ
အလုပ်ချိန်က မနက် 10 နာရီကနေ နေ့လည် 4 နာရီထိပဲ စနေနဲ့ တနင်္ဂနွေနေ့တွေပိတ်ရက်ရမယ် အဆောင်ရယ်စားစရိတ်အငြိမ်း အဲ့ဒီ့လိုစီစဥ်လိုက်  အဆင်ပြေအောင်ညှို့ပေးလိုက်နော် ကျန်တာကိုကြည့်ရှင်းလိုက်တော့ အဲ့မှာသူအလုပ်လုပ်တာပဲမြင်ချင်တယ်နော်.."

အော်မျက်နှာလိုက်ပုံများ သူဌေးလေးအတွက်ဘယ်လိုလူလဲတော့မသိပေမယ့် အခွင့်အရေးတွေပေးလိုက်ပုံများနော်။ စက်စံအတွေးထဲတွေးနေကာ အခန်းအတွင်းသို့ပြန်ဝင်ခဲ့လိုက်တော့သည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Where stories live. Discover now