အပိုင်း ၁၁

35.1K 2.1K 102
                                    

"ငါဘာလုပ် လို့လဲ"

"ကျစ်! ပြန်မပြောနဲ့ကျုပ်ကို"

"ပြောတော့ဘာဖြစ်လဲ"

"ဆွဲ-ိုးရုံပေါ့"

"မင်း...မင်းပါးစပ်ကလွယ်လွယ်.. ဘယ်လိုများပြောထွက်နိုင်ရ..."

ရောင်ခြည်ဆက်ပြောဖို့စကားများတန့်သွားရသည်။
ရောင်ခြည် တကယ်သူ့ကိုစိတ်ကုန်မိပါသည်။ ရောင်ခြည်ရှေ့‌တွင်ဘောင်းဘီအိတ်ကပ်ထဲ လက်ထိုးထားပြီးမထီတထီလုပ်နေတဲ့သူကိုမျက်နှာလွှဲလိုက်သည်။

"ပါးစပ်ကပြောရတာလွယ်တယ်လေ ဘာဖြစ်လဲ"

ရောင်ခြည် ဆက်မပြောချင်တော့။သူ၏ခြေလှမ်းများကို ဒီနေရာမှ မြန်မြန်ထွက်သွားရအောင်အလုပ်ပေးလိုက်သည်။ စကားကိုလွယ်လွယ်ပြောနေတဲ့ ထိုလူနဲ့ မျက်နှာချင်းမဆိုင်ချင်တော့။ထို့နောက်‌တွင်တော့ ရောင်ခြည် ထိုလူကိုကျောခိုင်းပြီး ထွက်သွားဖို့ခြေလှမ်းလှမ်းလိုက်သည်။

"မထိနဲ့!"

ထွက်လာသောအသံမှာ တုန်တုန်ယင်ယင်နှင့်ပင်။စိတ်တိုသည်။အရမ်းလဲစိတ်ပျက်မိသည်။

"ပြောလို့မပြီးသေးဘူးလေ ....ခင်ဗျား"

မဟာ သူ့ကိုကျောပေးထားသောပုံရိပ်လေးအား ဆွဲလှည့်လိုက်သည်။မဟာ မျက်လုံးပင်ပြူးသွားရသည်။ ကြည်လဲ့လဲ့ မျက်ဝန်းများမှာ နီရဲနေပြီးသူ့အားစိုက်ကြည့်နေသည်။ရဲတဲတဲနှုတ်ခမ်းများမှာလည်းအတင်းဖိကြိတ်ခံထားရမှုကြောင့် ဖူးနေပြီးပေါက်ထွက်တော့မည့်အလား။

"မင်းနဲ့ ဘာမှပြောစရာမရှိဘူး။လွှတ်"

မဟာ ရောင်ခြည်ကိုလွှတ်ပေးလိုက်သည်။ သူ့ကိုကျောခိုင်းထွက်သွားသော ပုံရိပ်လေးအား မဟာ ကြည့်နေမိသည်။

"နေစမ်းပါအုံး။ငါက အခုသူ့ကိုလွှတ်ပေးလိုက်တာလား ၊အလျော့ပေးလိုက်တာလား"

မဟာတစ်ယောက်ထဲ ကိုယ့်ကိုကိုယ်ပြန်ပြောနေမိသည်။ ဘယ်သူ့ကိုမှအလျော့မပေးတတ်တဲ့သူကလွယ်လွယ်နဲ့ထိုတစ်ယောက်ကိုပေးခဲ့သည်လား။

ရောင်ခြည် ထိုနေ့မှစ၍မဟာအားစကားမပြောတော့ပေ။မတွေ့ဖြစ်အောင်ရှောင်နေတာကများသည်။တီနွယ်တို့နဲ့စကားပြောပေမဲ့ သူ့ကိုတော့တစ်ချက်မှ လှည့်မကြည့်ခဲ့ပေ။သူ့ကိုမြင်တိုင်း ဒေါသစိတ်တို့တစ်ဖွားဖွား။မြင်လည်းမမြင်ချင် ။အခုဆိုတစ်ပတ်တောင်ပြည့်ပြီ။ ထိုလူနဲ့ မတွေ့ဖြစ်တော့စိတ်တွေကိုချမ်းသာလို့။

ချစ်ရပါသော ခြည်Where stories live. Discover now