အပိုင်း ၃၁

31.3K 1.8K 80
                                    

"ကြီးမေ ခမ်း ကအလုပ်သွားပြီလား"

မနက်ကတည်းက ဟိုဝေ့ရှာ ဒီဝေ့ရှာနဲ့ အခုထိ ခြေရိပ်တောင်မြင်ရသေးတဲ့သူကို ဘယ်သွားနေလဲ သိချင်မိသည်။

"မဟုတ်ဘူးကွဲ့သူ့အခန်းထဲမှာနေနေတယ်။သား လာရင်သူ့ဆီလွှတ်လိုက်အုံးတဲ့"

"ဟုတ် ကျွန်တော်သွားလိုက်ပါ့မယ်"

"သား မစားသေးဘူးလား"

"သူ့ဆီအရင် သွားလိုက်အုံးမယ်။ဘာပြောမို့လဲမသိဘူး"

"အော်အေးပါကွယ်"

ဒီကလေးတွေအခုလိုသင့်သင့်မြတ်မြတ်ရှိတော့လည်းစိတ်ချမ်းသာဖို့ကောင်းလိုက်တာ။
ခြည် ခြေလှမ်းများကသွက်နေသည်။လှေကားမှတစ်ဆင့် ထိုတံခါးရှေ့ရောက်သောအခါ ခြေစုံရပ်နေမိသည်။သူဒီအခန်းကိုတစ်ခါမှမဝင်ဖူးဘူးမလား။ခမ်း ကသာခနခနသူ့အခန်းဝင်လာတာ။ခြည် ဝင်ရနိုးနိုး မဝင်ရနိုးနိုး တွေဝေနေမိသည်။

ဒေါက်...ဒေါက်

အဟွတ်~ အဟွတ်

ဝင်ဝင်ချင်းမှာ ရရှိလိုက်တဲ့ရနံ့ဆိုးကြောင့် ခြည် ချောင်းများအဆက်မပြတ်ဆိုးနေမိသည်။ ဟုတ်တယ်စီးကရက်နံ့။ခမ်း ကို လှမ်းကြည့်တော့ လသာဆောင်ဘက်မှာ bathrobe ဝတ်ထားပြီး စီးကရက်သောက်နေသည်။အခုမှအခန်းထဲသေချာကြည့်မိတယ်။ အကျယ်ကြီးပဲ။ အိပ်ယာကလည်းအနည်းဆုံးလူသုံးယောက်လွတ်လွတ်လပ်လပ် အိပ်လို့ရသည်။

ခြည် ခမ်း ရှိသောလသာဆောင်ဘက် ထွက်လာခဲ့လိုက်သည်။

"ဘာပြောမလို့လဲ"

စီးကရက်ကတော့အခုချိန်ထိဖွာလို့နေဆဲ။

"မင်းအဲ့ဆေးလိပ်ကို ချထားစမ်းပါ"

လှည့်ကြည့်လာသော မျက်လုံးများမှာ ခါတိုင်းလိုစူးရှမှူများရှိမနေ။ထိုအစား ရီဝေဝေနှင့်နီရဲနေပေသည်။

"မချဘူး"

"သောက်ပါများလို့ သေနေမယ်"

"အခုမသေသေးဘူး"

"ခမ်း! မင်းဂျစ်ကန်ကန်လာလုပ်မနေနဲ့"

"ဟင့်အင်း လာခဲ့"

"ဟင်...မင်း ဘာလုပ်မလို့လဲ"

ခြည်ကို လက်မှဆွဲခေါ်ကာအိပ်ယာပေါ်တွင်လှဲချစေပြီး သူကဘေးတွင်ဝင်လှဲကာ ခြည်အား အားရပါးရဖက်နေသည်။

ချစ်ရပါသော ခြည်Where stories live. Discover now