အပိုင်း ၄၃

27.1K 1.5K 48
                                    

အေးချမ်းသောညအမှောင်ထုကကြီးစိုးလျက်။တိတ်ဆိတ်နေသောအချိန်ဝယ် မည်သည့်အသံမှန်းခန့်မှန်းလို့မရအောင် တကျိကျိမည်နေလေသည်။အိပ်ရေးမက်သူပီပီ ထိုအသံများကိုလဲနားမစွင့်နိုင် အိမ်မက်ကမ္ဘာထဲသာခြေချနေမိသည်။

ဒေါက်.....ဒေါက်

ဘယ်ကတံခါးခေါက်သံထွက်လာတာလဲ။အဆက်မပြတ်ကြားနေရသောတံခါးခေါက်သံကြောင့် ခြည် အိမ်မက်ကမ္ဘာထဲမှလန့်နိုးလာခဲ့သည်။တစ်ကိုယ်လုံးလဲ ချွေးတွေနှင့် အသက်ကို‌ဝအောင်ရှုနေရသည်။

စားပွဲပေါ်ရှိရေကရားထဲမှရေကိုခပ်သောက်လိုက်သည်။တစ်ဖန်ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် ခြည် ခေါင်းနပန်းကြီးသွားရသည်။ဒီအသံကအိမ်မက်မဟုတ်ဘဲ တကယ်ပေါ့။ဖုန်းနာရီကိုလှမ်းယူကြည့်တော့ ၁၂:၁၁ မိနစ်။ဒီအချိန်ကြီးဘယ်သူကတံခါးလာခေါက်တာလဲ။

ခုနကအိမ်မက်ကလဲ ဘယ်ရောက်လို့ရောက်သွားမှန်းမသိအောင် အတွေးပေါင်းများလှသည်။ဒီအချိန်ကြီးဆို မဟုတ်မှလွဲရော.....။ခြည်တံတွေးသာမြိုချလိုက်သည်။ထို့နောက် ကုတင်ပေါ်မှဆင်းပြီး မရဲတရဲခြေလှမ်းများနှင့် တံခါးဆီသို့ဉီးတည်ခဲ့သည်။

လက်ကိုင်ဘုထက်ရှိလက်များမှာလဲ တုန်ယင်နေရသည်။ထို့နောက် တံခါးကိုဆွဲဖွင့်ပြီး မျက်လုံးစုံမှိတ်လိုက်သည်။

"Happy birthday my lovely ခြည်"

အသံကြောင့်ပိတ်ထားသောမျက်လုံးအစုံကိုဖွင့်ကြည့်လိုက်ရာမြင်လိုက်သောအရာကြောင့် မဖုံးနိုင်မဖိနိုင်ပြုံးမိလိုက်သည်။

14.3.1994 ဟူသောစာတန်းနှင့်ထိုစာတန်း၏အောက်ရှိ "Chi"ဆိုသောအမည်နာမ်စားလေးအား ဖယောင်းတိုင်မီးများမှ မြင်အောင်ကူညီပေးနေသည်။ထိုဖယောင်းတိုင်မီး၏ အကူဖြင့်လဲ ထပ်မြင်လိုက်ရသောသူကြောင့် တစ်ဖန်ထပ်ပြုံးမိရပြန်သည်။ပျော်ရွှင်ရသလိုဝမ်းလဲနည်းမိပါသည်။ဘဝမှာအခုလိုမျိုးပထမဆုံးကြုံရတာမို့လို့ ဖန်တီးပေးတဲ့ခမ်းကိုလဲကျေးဇူးတင်မိပါ၏။

"ဘယ်လို...."

"အထဲခေါ်ပါအုံး မတ်တပ်ရပ်နေရတာညောင်းတယ်"

ချစ်ရပါသော ခြည်Where stories live. Discover now