အပိုင်း ၄၁

26.9K 1.5K 42
                                    

"ဖယ်ပါ မလိုဘူး"

"နေပူနေတယ်လေ ခြည်ရဲ့"

"ငါနဲ့ဝေးဝေးနေလို့ပြောနေတယ်နော်"

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသူတို့နှစ်ယောက်စစ်ဆေးစရာရှိသည်များကိုစစ်ဆေးဖို့ထွက်လာလိုက်သည်။ဘေးနားကလူသားလေးမှာအပူရှိန်ကြောင့်မျက်နှာကိုစုကြုံနေသည်။ထိုကြောင့် နဖူးထက်မှလက်နှင့်ကာပေးတာကို ပစ်ပစ်ခါခါပြောဆိုပြီးထွက်သွားသူကြောင့် ခမ်း သက်ပြင်းပင်ချရသည်။

ဘယ်အချိန်ထိမောင့်ကိုပစ်ပယ်နေအုံးမှာလဲ။

"Hey"

"မင်းတို့ကဘာလာလုပ်တာလဲ"

"ဟ အနားလာယူတာပေါ့"

"ဒါနဲ့ အစ်ကိုရောင်နဲ့အခြေအနေ"

"ပစ်ပစ်ခါခါဖြစ်နေတုန်းပဲ"

"ကြိုးစားပေါ့ကွာ"

ဒီနှစ်ကောင်အတော်အားနေလားမသိ။သေချာပါတယ် လာစပ်စုနေတာ။

"မဟာ ငါမင်းကိုပြောစရာရှိတယ်"

"ပြော"

"ပြည့်စုံပေါ့ သူလက်ထပ်တော့မယ်"

"ဟမ်!လာနောက်နေတာလား"

"လျှိုထားတာဒီကောင်"

"ဘယ်လိုဖြစ်နိုင်မှာလဲ ပြည့်စုံပြောလေ"

မဖြစ်နိုင်တာ။အတည်တကျတွဲနေတဲ့လူတောင်မရှိတာ။အခုလိုလက်ထပ်ဖို့ဆိုတာဝေးသေး။နှုတ်ဆိတ်နေသောပြည့်စုံကိုကြည့်ပြီး အားမရတော့။

"ငါနဲ့ခင်ခဲ့တဲ့သူငယ်ချင်း  ဟိုနေ့ကသူမြန်မာပြည်ပြန်ရောက်တုန်းငါဖွင့်ပြောလိုက်တာအဆင်ပြေသွားပြီ။ဒါကြောင့် အမြန်စီစဉ်လိုက်တာ"

"ခွေးကောင်  ငါတို့တောင်မသိဘူးဒါမျိုးကျလက်သွက်လိုက်တာ"

"နောက်နှစ်ထဲမှပါကွာ"

"ဟုတ်လား အကြောင်းလေးပြောပြပါအုံး"

"သူ့နာမည်ကဖူးငုံလွှာတဲ့။international nurse "

"ဂုဏ်ယူပါတယ်ကွာ"

"မင်းတို့တွေပဲအဆင်ပြေနေကျ။ငါပဲ ကျန်ခဲ့တော့မှာလား"

ဟုတ်တယ်လေ။တစ်ပူးပူးတစ်တွဲတွဲနေလာကြတဲ့ သူငယ်ချင်းသုံးယောက်မှာ အခုတော့သူတို့ဟာနဲ့သူတို့ဖြစ်နေကြပြီ။မင်းသန့်တစ်ယောက်ထဲ ကွက်ကျန်နေခဲ့တာ။

ချစ်ရပါသော ခြည်Where stories live. Discover now