အပိုင်း ၁၀

36.6K 2.1K 8
                                    

"လာ သားရောင်ထိုင်"

"ဟုတ် "

"အမလေး နွယ်တို့ရောင်ခြည်လေးကအရင်အတိုင်းပဲမပြောင်းလဲဘူး။ လိမ်မာချက်။ပိုပြီးလည်းချောလာတယ်ကြည့်စမ်းပါအုံး။"

" အာ တီနွယ်ကလဲ..."

"တီနွယ်နဲ့ ဉီးလင်းရောနေကောင်းကြလားဗျ"

နေကောင်းလို့ဒီရောက်နေကြတယ်ဆိုတာသိသော်ငြားလည်းလူမှုရေးအရဤသို့ပြောရပေမည်။ပြီးတော့တီနွယ်တို့ဆိုတာကလည်း အခြားသူစိမ်းတွေမှမဟုတ်တာ။

"ကောင်းပါ့ဗျာ"

"ကောင်းပါ့ ကောင်းပါ့"

"သားရောင် သားမဟာနဲ့ဘာဖြစ်လာကြတာတုန်း....နှစ်ယောက်လုံးရေတွေစိုရွှဲလို့"

"ဟင်...."

သွားပြီ။သူ့ဆု‌တောင်းမပြည့်ခဲ့ရပါ။အဲ့လူက သူက...ဒါ ဒါဆိုသူကရောင်ခြည်သိတဲ့သူပေါ့။

"‌သားရောင်ကို လာခေါ်မလို့လေ။အဲ့ဒါ သားမဟာကသူပဲသွားခေါ်မယ်ဆိုလို့မေမေလွှတ်လိုက်တာ"

"ဘာမှမဖြစ်ပါဘူးမေမေ။ ရေပိုက်ကြောင့်ရွှဲသွားတာပါ"

ဒါဆိသူက ရောင်ခြည်ကိုသိတယ်ပေါ့။သိရဲ့သားနဲ့ကိုပြောသွားသေးတာ ဘာတဲ့ဒီကအလုပ်သမားလားတဲ့ရယ်ရတယ်။ဉီးလင်းထက်ရောဒေါ်နွယ်နီရော ရောင်ခြည်ကိုလွမ်းကြောင်း သတိရကြောင်း၊ချီးမွမ်းမှုတွေရော မဆုံးနိုင်အောင်စကားဖောင်ဖွဲ့နေကြသည်။

"ဒါနဲ့ သားမဟာကဆင်းမလာသေးဘူးလား။ "

ဒေါ်မိုးမခအပေါ်ထပ်ကိုတက်သွားတာကြာပြီဖြစ်တဲ့မဟာကိုမေးလိုက်သည်။ပြီးတော့ မဟာနဲ့ကစကားသေချာမပြောရသေးဘူးမလား။

"ဒီကလေးနဲ့ ဘာများဖြစ်နေမှန်းကိုမသိဘူး။ အခုထိ စိတ်မပြေသေးဘူးထင်တယ်"

ဒေါ်နွယ်နီ ငြီးငြူပြီးပြောလိုက်သည်။သူ့သားဒီလိုပုံစံမျိုးနဲ့သူ့ကိုသိပ်စကားမပြောရင် မိခင်ဖြစ်သူပီပီ မနေနိုင်။

"ဟင်...သားကဘာကိုစိတ်မပြေတာလဲ နွယ်"

"ဘာဖြစ်ရမှာလဲ ခ ရယ်...နွယ်က ဗြုန်းဆိုင်းကြီးသွားမယ်လုပ်တော့ မောင်စိတ်မရှည်က ဘာမှမပြင်ဆင်လိုက်ရဘူးလေ။အဲ့ဒါ နွယ်ကိုစိတ်မကြည်နေတာ"

ချစ်ရပါသော ခြည်Where stories live. Discover now