အပိုင်း ၇

35K 2.2K 36
                                    

လူသူကင်းရှင်းနေသော လမ်းမကြီးအထက်၌ လမ်းမီးတိုင်ဖျော့ဖျော့အောက်တွင် ဆိုင်ကယ်သုံးစီး၏ မီးရောင်များနှင့် တစ်ဝူးဝူး အသံများမှာ လမ်းမထက်တွင် နေရာယူပြီးဆူညံနေသည်။

တစ်နေရာအရောက်တွင် ရပ်လိုက်သောဆိုင်ကယ်တစ်စီး။ ဆိုင်ကယ်ဒေါက်ထောက်ပြီး ဆိုင်ကယ်ပေါ်မှမဆင်းသေးဘဲ helmet ကိုချွတ်နေသည်။ ခပ်တင်းတင်း စေ့ထားသောနှုတ်ခမ်းများ‌ကြောင့် မျက်နှာမှာ တည်တင်းနေပြီး လည်ပင်းကြောများမှာထောင်ထနေသည်။

သားရဲတစ်ကောင်လို စူးရှ‌‌သောမျက်ဝန်းများမှာ မီးရောင်အောက်တွင် အထင်းသား ငြှို့ယူနေသည်။ နက်ပြာရောင် ဂျာကင်ကိုဝတ်ထားပြီး ၊ လက်ပတ်အနက်များမှာလည်း လက်‌တွင်နေရာယူထားသေးသည်။နဖူးတစ်ပြင် ဖုံးကျ နေသော ခပ်အုပ်အုပ်ဆံသားများမှာ မျက်ခုံးတန်းများနှင့်ပင် ထိစပ်နေလေသည်။

မဟာတို့ သူငယ်ချင်းသုံးယောက် bar ကိုမသွားခင် ဆိုင်ကယ်ပြိုင်မောင်းနေခြင်းဖြစ်သည်။ စောင့်ရတာမကြိုက်သည့်မဟာအတွက်တော့ အခုလိုစောင့်နေရတာကို သူ,မကျေနပ်တော့။ မျက်ခုံးများတွန့်ချိုးနေပြီး မျက်မှောင်ကုပ်နေလေပြီ။ခနအကြာ မီးဝါတန်းကြီးနှစ်ခုအရင်ရောက်လာပြီး မှ မဟာအနားသို့ ဆိုင်ကယ်နှစ်စီးရောက်လာသည်။

"ခွေးကောင်....ဘယ်လိုစီးသွားတာလဲ"

"အေးလေ မင်းဟာကလည်းမျက်စိရှေ့မှာတင်ပျောက်သွားတာ"

ပြည့်စုံကပါ မင်းသန့်၏ အပြောကိုထောက်ခံ နေသည်။ ပြောလည်း ပြောချင်စရာလေ။အစက ကိုယ်တွေနဲ့တန်းတူ နီးပါးလောက်ကိုမှ မျက်စိရှေ့မှာတင် တစ်ရှိန်ထိုးမောင်းထွက်သွားတာကိုး။

"လူလို မောင်းတာလေ"

" -ီးကိုလူလိုမောင်းတာ "

မင်းသန့်လည်းပိတ်ဆဲလိုက်လေသည်။ ဒီအရှိန် ဒီလိုမောင်းနေတာကို လူလိုမောင်းတာတဲ့။ အော် မှတ်ထားရအုံးမယ်။ တစ်ခုခုတိုက်သွားရင်ဖြင့် အလောင်းတောင် ရှာမတွေ့ ဖြစ်သွားမဲ့အရှိန်ကို။

"အေး -ီး လိုမောင်းတာ"

တကယ်ပါပဲ ဒီကောင်တွေဘာဖြစ်နေမှန်းကိုမသိဘူး။ နိုင်အောင်လို့လည်းမောင်းရသေးတာကို သူတို့ကိုအလျော့ပေးပြီး ကိုယ်က သာမန်ပဲမောင်းရမှာလား။ ဝေးသေး။

ချစ်ရပါသော ခြည်Tahanan ng mga kuwento. Tumuklas ngayon