အပိုင်း ၃၉

26.3K 1.5K 10
                                    

"ခြည် မောင်မှားတာမို့လို့ မောင်တောင်းပန်ပါတယ်နော်"

"မလာနဲ့ မြင်လား ဓား ငါထိုးလိုက်မှာနော်"

လက်ထဲမှဓားကိုဗိုက်နားချိန်ရွယ်ကာ ကိုယ့်ဘာသာထိုးသတ်မည်ဟုကျိမ်းဝါးနေသောသူကြောင့် ရှေ့ဆက်ရနိုးနိုး ဝေခွဲရခက်နေသည်။

"မလုပ်နဲ့ခြည် မောင့်ကိုရှင်းပြခွင့်ပေးပါ မောင်တကယ်ချစ်တာ ခြည်မရှိရင်မနေနိုင်ဘူး"

"မလာနဲ့လို့ပြောနေတယ်လေ"

"ခြည် မောင်ပြော..."

ဇွက်....

"မင်းကိုမုန်းတယ်"

"ခြည်!!"

ညနက်သန်းခေါင် အိပ်ယာထက်တွင်ဇောချွေးများပြန်နေသူအား အမှောင်ထုကကြီးစိုးလျက်။စိတ်၏ခြောက်ခြားမှုများကို ခနခနတွေးမိကာ မောပန်းနေရသည်။ အမှောင်ထုကြီးမှာအိပ်ယာထက်ရှိ စိတ်ပင်ပန်းကာတစ်ခုခုကိုဆုံးရှုံးရမည်စိုး၍ကြောက်လန့်နေသောသူအား ဟားတိုက်လှောင်ရယ်နေပေသည်။ပြီးသွားခဲ့ပြီလားသူနဲ့ခြည်ရဲ့ဇာတ်လမ်းက။

ဒါပေမဲ့ ခြည်ကိုမဆုံးရှုံးချင်ဘူးလေ။ဘာလုပ်ရမှာလဲ။လိုက်သွားရမှာလား။"မင်းလာရင် ငါမင်းနဲ့အဝေးဆုံးကိုထွက်သွားမှာ"ဆိုတဲ့‌စကားလေးကိုကြားမိတိုင်း မျက်ရည်ဝဲရသည်မှာနေ့စဉ်ရက်ဆက်ပင်။ဘာကိစ္စပဲဖြစ်ဖြစ် အေးဆေးဖြေရှင်းခဲ့သည့်သူက၊အချစ်ကို စိတ်ရှုပ်စရာအဖြစ်သတ်မှတ်ပြီး‌အပျော်ကစားခဲ့တဲ့သူက အခုသူ့ရဲ့အချစ်စစ် သိပ်ချစ်ရပါသောသူကြောင့် ယောက်ျားမာနတို့ကိုခဝါချပြီး အရူးတစ်ယောက်လို ဖြစ်နေခဲ့သည်မှာ ‌နေ့စဉ်ပင်။

အလုပ်တွေကိုလည်းပစ်ထားပြီးတစ်ယောက်ထဲအခန်းထဲတွင်စီးကရက်နဲ့အရက်ကိုမှီခိုပြီးနေလာခဲ့သည်မှာအချိန်အတော်ပင်ကြာခဲ့သည်။မည်သူမှပြောလည်းနားမဝင်တော့ပေ။သို့သော် မနက်ခင်းတိုင်းတော့ခြံထဲဆင်းပြီးဧကရာဇ်ပန်းတွေကောက်ကာ တစ်ဖက်ရှိအခန်းထဲသို့ သွားထား‌နေသည်မှာတော့ မပျက်။

___

"သားရောင် မိုးမာန်နဲ့အလုပ်လုပ်ရတာအဆင်ပြေလား"

ချစ်ရပါသော ခြည်Where stories live. Discover now