အပိုင်း ၈

34.8K 2.2K 29
                                    

"ဒေါ်လေး ခ အပြင်မှာဧည့်သည်တွေထင်တယ်"

မြတ်မင်း အပြေးတစ်ပိုင်းဝင်လာပြီး ဧည့်ခန်းထဲတွင် စာရင်းလုပ်နေသော ဒေါ်မိုးမခအားပြောလိုက်သည်။

"ဟင်...ဒီတစ်ပတ်လုံး booking နားထားတာလေ ။ အစ်ကို့ နွယ်တို့တော့မဟုတ်လောက်ပါဘူးနော်"

ဒေါ်မိုးမခ သူမဘေးနားရှိ ဉီးလင်းထက်အား လှမ်းကြည့်၍မေးလိုက်သည်။

"ဘယ်ကလား။ နေလင်းတို့ကနောက်နှစ်ရက်လောက်နေမှ"

"လာလာ သွားကြရအောင်။ယာယီဧည့် သည်တွေထင်တယ်။သား မြတ်မင်း အခန်းတွေစီစဉ်ထား"

ဒေါ်မိုးမခနှင့်ဉီးလင်းထက်တို့ခြံထဲသို့ ထွက်လာခဲ့ကြသည်။ထိုအခါကားတံခါး တစ်ဖက်တစ်ချပ် စီမှထွက်လာသော လူနှစ်ဉီး။ တစ်ဉီးမှာထောင်ထောင်မောင်းမောင်းအရပ်နှင့် ခန့်ညားလှသော အမျိုးသားတစ်ဉီး။နောက်တစ်ဉီးမှာ လှပပြီးကျက်သရေရှိသော မိန်းမပီသသည့် အမျိုးသမီးတစ်ဉီး။ထိုလူနှစ်ဉီးအားကြည့်ပြီးဒေါ်မိုးမခနှင့် ဉီးလင်းထက်တို့မျက်လုံးအပြူးသားပါးစပ်အဟောင်းသားဖြစ်နေတော့သည်။

"ဟင်...နွယ်...."

ဒေါ်မိုးမခ ဒေါ်နွယ်နီဆီအပြေးသွားလိုက်သည်။

"ခ "

"နွယ် ဘယ်လိုလုပ်... နွယ်တို့ပြောတော့"

"ဟုတ်တယ် မမိုးမခရေ...။ကျွန်တော် အလုပ်တွေက ထင်တာထက်စောပြီး ပြီးသွားတာလေ။ ဒါကို နွယ်ကသိတော့ ချက်ချင်းကောက် ထလာခဲ့ရတာပဲ.."

အလုပ်တွေကိုနောက်နှစ်ရက်လောက်အပြီးတွက်ထားသော်လည်း စောပြီးတာကိုသိတော့ဒေါ်နွယ်နီ ချက်ချင်းလိုလိုအခုသွားမယ် သွားမယ်ဆိုပြီးအတင်းပို့ခိုင်းနေတော့ တန်းထွက်လာရခြင်းဖြစ်သည်။

"အို ဘာပဲနေနေ...ဒီရောက်လာမှတော့ကြာကြာနေသွားရမယ်။နွယ် ကြည့်စမ်းပါအုံး လှလာလိုက်တာ။"

" ခ ကမှပိုပြီးလှနေတာပါနော်"

ဉီးနေလင်းနဲ့ ဉီးလင်းထက်ကတော့ အလွမ်းသယ်နေသည့်သူတို့၏ဇနီးများကိုကြည့်၍ ပြုံးဖြီးနေကြသည်။

ချစ်ရပါသော ခြည်Where stories live. Discover now