အပိုင်း ၂၅

32.7K 1.9K 14
                                    

"ဟယ် ဘယ်လိုတွေဖြစ်လာတာလဲ။လုပ်ကြပါအုံး"

"Dr. မင်းမင်း ကိုခေါ်မာမီ မြန်မြန်"

ဒေါ်နွယ်နီလှိုင်မှာ ပျာယာပင်ခတ်နေရသည်။‌Dr.မင်းမင်းမှာ သူတို့၏ family doctor ပင်ဖြစ်သည်။ဒါနဲ့ ခမ်း၏မျက်ဝန်းထဲတွင် မမြင်ဖူးသော အရောင်များဖြတ်ပြေးနေသည်ကို ဒေါ်နွယ်နီလှိုင် မြင်ဖြစ်အောင်မြင်လိုက်ပါသည်။ဒါက စိတ်ပူနေတာလား။ဘယ်သူကိုမှစိတ်မပူဘူးတဲ့ သူကလေ။

ခမ်း လှေကားပေါ်ကနေ ပြေးတက်ခဲ့ပြီး ကုတင်ပေါ်ချပေးလိုက်သည်။ထို့နောက် pajamas တစ်စုံလောက်ထုတ်ပေးပြီး လဲဖို့ပြင်လိုက်သည်။ ယောက်ျားချင်းဆိုတော့လည်းဘာမှတော့မဖြစ်ပါဘူး။ဒါပေမယ့်ရိုးသားရင်ပေါ့။ခမ်း ကတော့ အင်္ကျီဝတ်တာကအစ ဘောင်းဘီဝတ်ပေးတာအဆုံး မျက်နှာလွှဲရင်းသာ လုပ်ပေးလိုက်ရသည်။

"သား ဝင်လာလို့ရပြီလား"

"ရပြီ မာမီ"

ဒေါ်နွယ်နီလှိုင်မှာအထာတော့ပေါက်ပါသည်။ အဝတ်လဲဖို့အချိန်ပေးထားပြီးမှ ဝင်လာခြင်းဖြစ်သည်။မြင်နေရသောပုံစံကြောင့် ရင်ထဲမှာမကောင်း။မွေ့ယာထက်လှဲအိပ်နေသော သူ၏ဘေးတွင် စိုးရိမ်ခြင်း၊စိတ်ပူခြင်းများပေါင်းစပ်နေသော သူ။

"စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။အချိန်
ကြာကြာ မိုးရေထဲနေခဲ့တာဆိုတော့ အားနည်းပြီးသတိလစ်သွားရုံပဲ။ဒီဆေးလေးတွေသာ သေချာတိုက်ပေး။ "

ခမ်း ထိုဆေးများကိုယူကာစားပွဲပေါ်တင်ပြီး ရောင်ခြည်ဘေးနားထိုင်နေလိုက်သည်။
ဒေါ်နွယ်နီလှိုင် ကိုမင်းမင်းကို လိုက်ပို့ပေးလိုက်ပြီး အပေါ်ပြန်တက်ခဲ့သည်။

"သား မာမီစောင့်ပေးရမလား"

"ရတယ် မာမီဘာသာနားတော့"

"ညစာ လာပို့ခိုင်းလိုက်မယ်လေ"

"မစားချင်ဘူး မာမီ အေးဆေးသာနားတော့"

"ဟုတ်ပါပြီ"

ဒေါ်နွယ်နီလှိုင်ပြောပြီးသာအခန်းထဲပြန်ထွက်ခဲ့သည်။သူတို့ပဲရန်ဖြစ်ပြီးသူတို့ပဲပြန်စိတ်ပူနေ။ခက်တယ်ဒီခလေးတွေနဲ့တော့။

ချစ်ရပါသော ခြည်Where stories live. Discover now