အပိုင်း ၄၆ 🔞

47.8K 1.5K 62
                                    

(A/N  ကြမ်းတမ်းသောစကားရိုင်းများနှင့် adults scence များပါဝင်သည့်အတွက်အဆင်ပြေမှဖတ်ကြပါရန်။)

သတင်းစာခေါင်းကြီးပိုင်းမှာထင်ထင်ရှားရှားနေရာယူထားသည့်သတင်းတစ်ခု၊ social media နေရာအနှံ့ပျံ့နှံ့နေသည့်သတင်းတစ်ခု၊လူအများစု၏ပါးစပ်ဖျားမှမချသည့်သတင်းတစ်ခု၊ထိုသတင်းကို ကွယ်ရာမှာရှုံ့ချသော်လဲ လက်တွေ့တွင်ရေငုံနှုတ်ပိတ်နေကြသည်။

ထိပ်တန်းစီးပွားရေးတစ်ခုဖြစ်တဲ့ Mahar လုပ်ငန်းစု၏တစ်ဉီးတည်းသောအမွေဆက်ခံသူမောင်ခမ်းနားမဟာရှိန်နှင့် နာမည်ကြီး resort တစ်ခုဖြစ်သည့်Darwin resort & garden ၏မောင်ရောင်ခြည်ဖြာတို့ လက်ထပ်ထိမ်းမြားခြင်းပင်။

ခမ်းကိုအရှင်ရရအသေရရလိုချင်နေတဲ့မိန်းခလေးများမှာလဲ ယူကြုံးမရ။ခမ်းလက်ထပ်မည့်မိန်းခလေးကိုမြင်ဖူးချင်ခဲ့ပေမဲ့တစ်ကယ်တမ်းမိန်းခလေးမဟုတ်ဘဲ ယောက်ျားလေးဖြစ်နေသည့်အတွက်ပိုလို့ပင် ဂယက်ထနေကြသည်။

မိုးမာန်နဲ့နေရည်ကိုဘာလုပ်လိုက်လဲဆိုတာတော့ ခမ်းတစ်ယောက်ပဲသိလိမ့်မည်။သေချာသည်က ထိုနှစ်ယောက်ကိုထပ်မတွေ့ရတော့သည်ပင်။

နောက်နှစ်လောက်မှအေးဆေးလုပ်မယ်လို့ပြောလဲမရ ဆေးရုံကတန်းဆင်းတာနဲ့လက်ထပ်ပွဲကိုတန်းစီစဉ်သည်။လူကြီးတွေလဲ တစ်ဇွတ်ထိုးသမားကို မနိုင်တော့ဘဲသူ့စိတ်တိုင်းကျတစ်ဖက်တစ်လမ်းကသာကူညီနေကြသည်။

resort ကိုခနပိတ်ထားခဲ့ပြီးမိသားစုလိုက် Mahar အိမ်တော်သို့သာလာခဲ့ရသည်။ဒီတစ်ဇွတ်ထိုးကိုတားလို့ရမဲ့ ဘွားရှိသော်လဲ ဘွားကမတား မြန်မြန်ဆောင်ရင်ပိုကောင်းတယ်တဲ့။မြေးဘွားနှစ်ယောက်ပနံသင့်ပြီးစီစဉ်နေကြသည်။

လက်ထပ်ပွဲကိုစောလုပ်လို့၊မပြင်ဆင်ရသေးလို့၊အချိန်ယူချင်သေးလို့နှင့်ပတ်သတ်၍ ခမ်းနှင့် ခြည်စကားများကြသည်မှာလဲအကြိမ်ကြိမ်အခါခါ။ကိုယ်ကလက်ထပ်ပြီးတာထားလိုက်အုံး ကိုယ့်မှာလဲကိုယ့်အလုပ်နဲ့ ဘာမှ ပြင်ဆင်ရသေးတာမဟုတ်ဘူး။

အဲ့လိုပြောလိုက်တော့ သူကပဲခြံအတွက်လူတွေရှာအကုန်စီစဉ်နေတာ။လက်ထပ်ပွဲလဲသူပဲစီစဉ်တယ်။ဒီလူကိုအဖက်တောင်မလုပ်ဘူး။ရှင်းရှင်းပြောရရင် အိမ်ထဲကအိမ်ပြင်တောင်ထွက်ရတာမဟုတ်ဘူး။လက်ထပ်လက်စွပ်နဲ့ဖိတ်စာလောက်ပဲကိုယ့်ကိုရွေးခိုင်းတာ။ ကျန်တဲ့အပိုင်းတွေသူပဲစီစဉ်။

ချစ်ရပါသော ခြည်Where stories live. Discover now