အပိုင်း ၃၃

31.3K 1.8K 54
                                    

ကြည်လင်အေးမြရာ၊ စိတ်ချမ်းမြေ့စရာ၊ ကြည်နူးဖွယ်ရာ အစရှိသည်တို့ကိုပေးစွမ်းနိုင်သော ဗုဒ္ဓ ၏အရိပ် အမြုံဖြစ်သော ရပ်ဝန်းသည် မည်သည့်အရာနှင့်မျှနှိုင်းယှဉ်လို့မရပေ။နေအပူရှိန်ရှိနေသော်လည်းဘုရား၏ရပ်ဝန်းအတွင်းခြေချလိုက်သည်နှင့် အလုံးစုံသော အေးမြမှုတို့ကိုခံစားရပေသည်။ဘုရားဝင်းရှေ့တွင် ခိုစာဆိုင်များ၊ ပန်းဆိုင်များ တစ်စီတစ်တန်းရှိ၏။

"ပန်းလေးတွေယူအုံးမလား အစ်ကိုတို့"

"အစ်ကို့ကို နှစ်စည်းပေးနော်"

"ဟုတ်ကဲ့"

"မောင် ပေးလိုက်မယ်"

ပန်းနှစ်စီးကို ယူလာပြီးဘုရားရင်ပြင်ပေါ်သို့ခြေချခဲ့လိုက်သည်။

"မောင် အဲ့မှာ အနုတ်တွေရှိနေတာကို ဘာလို့မပေးလိုက်တာလဲ"

"ပန်းဖိုးက ဘယ်လောက်ကျလဲ"

"၁၅၀၀ လေ"

"အင်းလေ မောင်က အဲ့လိုပေးလိုက်ရမှာလား။ခြည် ကိုပဲ၁၅၀၀ ပေးမှာ"

"မတရားဘူး မောင်ကသူများကျ အများကြီးပေးပြီး ငါ့ကိုကျ ၁၅၀၀ တည်းတဲ့"

"ခြည် လိုချင်တာမှန်သမျှ မောင်ကပေးလို့ရတယ်"

"အာချောင်တာ..မလိုချင်ပါဘူ။လာကန်တော့ရအောင်"

ဘုရားရှစ်ခိုးနေကြသော ပုံရိပ်လေးနှစ်ခုမှာ အေးချမ်းဖွယ်အတိ။ ခမ်း နဲ့ ခြည် ဘုရားရှစ်ခိုးပြီး စောင်းတန်းဘက်ကိုထွက်လာလိုက်ကြသည်။

"မောင် ဘာတွေဆုတောင်းလဲ"

"တောင်းစရာမှ မလိုတာ ခြည်လည်းရှိနေတာကို"

"ဟင်..."

"ခြည်က ဘာဆုတောင်းလို့လဲ"

"စပျစ်ခြံလေးကို တစ်သက်လုံးပျိူးထောင်နိုင်ပြီး ပျော်ရွှင်ရပါစေလို့"

"ခြည် ကမောင်နဲ့ပျော်ရပါစေဆုမတောင်းဘဲ အဲ့ခြံနဲ့တောင်းတယ်ပေါ့"

"ဟုတ်တယ်လေ မောင် နဲ့မတွေ့ခင်ကတည်းက ဒီခြံလေးနဲ့နေလာတာကို"

"တော်ပြီကွာ...ဒီကောင်က စပျစ်ခြံလောက်စောက်ရေးမပါမှန်းသိလိုက်ရပြီ"

ချစ်ရပါသော ခြည်Where stories live. Discover now