အပိုင်း ၁၅

33.8K 2K 15
                                    

ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် နံနက်ခင်းဆွမ်းထလောင်းကြသည်မှာ ဓလေ့ထုံးစံတစ်ခုလိုပင်ဖြစ်သည်။

မျက်လွှာချကာ မေတ္တာကမ္မဌာန်းစီးဖြန်းလာသော သံဃာတော်များမှာ နံနက်ခင်း၏အလှကို ဖြည့်စွက်ပေးသကဲ့သို့ရှိနေသည်။
အသင့်စောင့်နေသော ရောင်ခြည်နှင့်မြတ်မင်းလည်းဖိနပ်ချွတ်ကာ ကိုယ်ကိုကိုင်းညွှတ်အရိုအသေပေးရင်း ဆွမ်းလောင်းလှူလိုက်သည်။ပြီးနောက် မြေပေါ်၌ကျုံ့ကျုံရုံ့ရုံ့ထိုင်ကာ ဉီးချကန်တော့လိုက်သည်။

"သာဓု...သာဓု။ဒကာကြီးတို့ စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒဟူသမျှပြည့်ဝကြပါစေ"

"ပေးတဲ့ ဆုနဲ့ပြည့်ပါရစေဘုရား"

"ပေးတဲ့ဆုနဲ့ပြည့်ပါရစေဘုရား"

"ဒကာလေးရောင်ခြည်နဲ့ ဒကာလေးမြတ်မင်းတို့ဘုန်းဘုန်းတို့ကျောင်းလည်းလာခဲ့ပါအုံးကွယ်"

"တင့်ပါ့ဘုရား...တပည့်တော်တို့ နောက်နှစ်ပတ်အတွင်း အရောက်လာခဲ့ပါ့မယ်ဘုရား"

"သာဓု သာဓု သာဓု"

သံဃာတော်များဆက်လက် ကြွချီသွားပေပြီ။သို့သော်လည်း ရောင်ခြည်နှင့်မြတ်မင်းသည် အိမ်ထဲသို့မဝင်နိုင်သေးချေ။သံဃာတော်များ၏မေတ္တာပို့သံကို နာခံရင်း၊ သံဃာတော်များကို မျက်စိတစ်စုံး ဖူးမြော်ရင်း မေတ္တာပွားနေကြသည်။စေတနာလွှမ်းသော အရုဏ်ကျင်းချိန်၊ မေတ္တာသံလွှမ်းသော နံနက်ခင်း၊ ကြည်နူးဖွယ်ကောင်းသောမြင်ကွင်းပင်ဖြစ်သည်။

"အာ...အကိုရောင် မနေ့ညကလေ booking ယူ‌ထားတဲ့ခရီးသည်တစ်ချို့က အကြောင်းကိစ္စပေါ်လာလို့ ဖျက်သိမ်းလိုက်ပြီတဲ့။အစ်ကို့ကို တောင်းပန်တယ်လို့လဲ ပြောပေးပါအုံးတဲ့"

"ဟင်းးး အကြောင်းကိစ္စတွေကိုနားလည်ပေမဲ့ သူတို့ဖျက်ချင်းတိုင်းဖျက်လို့မရဘူးလေ။ သူတို့ကိုလက်ခံလိုက်လို့ တခြားလာချင်တဲ့သူတွေကိုဖယ်ထား‌ ပေးလိုက်ရတာလေ"

"ဟို စရံအပြီးချေ ...."

"မြတ်မင်း!!"

"အဲ့လိုမျိုးတွေပြောလာခဲ့ရင် မလိုဘူးလို့ပြောလိုက်။ နောက်ခါ order တင်ရင်သေချာစီစဉ်ပါမြတ်မင်း အစ်ကိုမင်းကိုစိတ်မပျက်ချင်ဘူးနော်"

ချစ်ရပါသော ခြည်Where stories live. Discover now