အပိုင်း ၂၀

35.2K 2K 62
                                    

မနက်ခင်းတိုင်းအမြဲကြိုနေကျ နေရောင်ဟူသည် ရှာမတွေ့။ ထိုအစား မှိုင်းညှို့နေသောကောင်းကင်ကြီးသာရှိလေ၏။ကြားနေကျ ငှက်ကလေးများ၏ အသံကိုလည်းမကြားရ။ ပြတင်းပေါက်ကနေလှမ်းကြည့်လျှင် မြင်ရတတ်သည့် စပျစ်ခြံကြီးလည်းမရှိ။ခြောက်ကပ်ကပ်နှင့် အထီးကျန်ဆန်လှပေသည်။ သို့သော် သို့သော် ရှူရှိုက်လိုက်ရတဲ့ ပန်းရနံ့လေးတစ်ခုကြောင့် ရောင်ခြည် မျက်လုံးများပိတ်ထားလျက်ပင် နှုတ်ခမ်းများတွန့်ကွေးနေသည်။

ထို့နောက် အိပ်ယာပေါ်မှထ၍ ထိုပန်းပင်ကြီးများမြင်ရမည့် ပြတင်းပေါက်နားသို့သွားမည်အပြု စားပွဲပေါ်ရှိ အရာကြောင့် ခြေလှမ်းများက စားပွဲနားကိုသာလာခဲ့လိုက်သည်။

"ဟင်... ဧကရာဇ်ပန်းတွေ။ဘယ်သူလာထားသွားတာလဲ"

စားပွဲပေါ်ရှိ ဖန်ခွက်လေးနှစ်ခွက်ထဲတွင် ဧကရာဇ်ပန်းလေးများနေရာယူထား၏။ထိုခွက်လေးနှစ်ခွက်အား လက်တစ်ဖက်စီမှ ကိုင်လိုက်သည်။

"သူလား.."

"မဖြစ်နိုင်ပါဘူး သူကဒီလိုတွေလုပ်မှာတဲ့လား"

"ဒါ‌ပေမယ့်မနေ့ညက သူပဲသိတာမလား"

"အာ ရှုပ်တယ်။ဘယ်သူထားထား မထားထား"

"မင်းတို့လေးတွေက မနက်ခင်းကိုကြိုဆိုပေးတဲ့အတွက် ကျေးဇူးပဲနော်"

ရောင်ခြည် လက်နှစ်ဖက်လုံးမှ ပန်းများကိုအားရပါးရ ရှူရှိုက်ပစ်လိုက်သည်။

"သားရောင် ဘာလိုလို့လဲ"

"ကျွန်တော် ဘာကူပေးရမလဲ ကြီးမေ"

"ရပါတယ်...သားရောင်ရယ်"

"ဟိုလေ..."

"သား ပြောစရာရှိလို့လား"

"ကျွန်တော့်အခန်းထဲ ဧကရာဇ်ပန်းတွေ ဘယ်သူထားသွားတာလဲဟင် ကြီးမေသိလား"

"မနက်က ကြီးမေလာထားတာလေ။သားမနေ့ညက ဧကရာဇ်ပန်းတွေကိုင်ပြီး အထဲဝင်လာတာတွေ့လို့"

"အော်....ကျေးဇူးပါဗျ"

ရောင်ခြည် မျှော်မှန်းထားသောအရာတစ်ခုခုဆုံးရှူံးသလို ခံစားလိုက်ရသည်။ဘာတွေဖြစ်နေတာလဲ။သူလား သူကအဲ့လိုလုပ်ပေးမယ်ထင်နေတာလား ရောင်ခြည် စိတ်လျော့။

ချစ်ရပါသော ခြည်Where stories live. Discover now