အပိုင်း ၄၅

28.4K 1.6K 90
                                    

မကြည်လင်သောစိတ်များနှင့်နိုးထလာရသည်မှာဘယ်လိုမှခံစားလို့မကောင်း။ဖြေးဖြေးချင်းအားယူပြီးပိတ်ဆို့နေသောမျက်လုံးအစုံကိုဖွင့်လိုက်သည်နှင့် ဉီးစွာပထမမျက်နှာကျက်ကိုမြင်လိုက်ရသည်။

ထို့နောက်ဘေးဘီဝဲယာကြည့်လိုက်တော့နေရာစိမ်းတစ်ခု၊မနေ့ညကအကြောင်းများကိုပြန်ပုံဖော်ပြီးတွေးလိုက်ရာမျက်လုံးများပျာဝေသွားသည်။ကုတင်ပေါ်ငုတ်တုတ်ထထိုင်ပြီးကြည့်လိုက်တော့ ဖေဖေနဲ့မေမေ၊ပြီးတော့တီနွယ်နဲ့ဉီးနေလင်း၊မင်းသန့်ကိုတွေ့လိုက်ရသည်။

"မေမေ မေမေ...ခမ်းရောဟင်"

မေးလိုက်သည့်မေးခွန်းကဘာမှားလဲမသိပေမဲ့မေမေမျက်နှာကွက်ခနဲပျက်သွားသည်။ အခြားသူများကိုကြည့်လိုက်တော့လဲ ဝမ်းနည်းနေသည့်မျက်နှာထားများနဲ့။ဘာဖြစ်နေကြတာလဲ နေပြန်ကောင်းလာပြီပဲကို။ခမ်း ရောနေကောင်းပြီမလား။ခမ်းက အားရှိတယ်လေ နေကောင်းမှာ။

"တီနွယ် ခမ်းရောလို့"

"ကျွန်တော်မေးနေတာကို ဘာလို့တစ်ယောက်မှမဖြေကြတာလဲ"

ဉီးနေလင်း အခန်းထဲမှထထွက်သွားသည်။ကျန်သည့်လူများမှာလဲ တိတ်ဆိတ်နေသောကြောင့် ခြည် အားမရတော့ပေ။မေးနေတာကိုဘာလို့မဖြေကြတာလဲ။

"မင်းသန့် ခမ်းကဘယ်မှာလဲ"

"မဟာ...မဟာက"

"လိုက်ပို့လိုက်ပါကွယ်"

တီနွယ်ဆီမှခက်အပ်အပ်အသံထွက်ကျလာသည်။သို့သော်ဂရုမပြုနိုင်။အခုအရေးကြီးတာက ခမ်း ကိုတွေ့ရမည်။သူမနေ့ညကအရမ်းပင်ပန်းသွားမှာ ခမ်း အနားမှာနေပြီး လိုအပ်တာ‌ေတွ ဖြည့်ဆည်းပေးရမယ်။

မင်းသန့်ခေါ်ရာနောက်ကို လိုက်လာပြီးတစ်ခုသောတံခါးရှေ့ရပ်တန့်သွားသောကြောင့်

"ဒီထဲမှာလား ခမ်းက"

တကယ်ပါပဲဒီအခန်း‌ထဲမှာရှိတယ်ပြောလိုက်ရုံပဲကို။

"အစ်ကိုရောင် စိတ်ကိုအားတင်းထားနော်"

"ဘာကိုအားတင်းခိုင်းနေတာလဲ"

မင်းသန့်ကိုမကြည့်တော့ဘဲ အခန်းတံခါးကိုသာဆွဲဖွင့်လိုက်သည်။တံခါးဖွင့်သံကြောင့် လှည့်ကြည့်လာသောပြည့်စုံမှာ ကုတင်ဘေးတွင်အရုပ်ကြိုးပြတ်ထိုင်နေလေသည်။မျက်လုံးများက ပြည့်စုံမှတစ်ဆင့် ကုတင်ပေါ်ရှိ ဖုံးလွှမ်းနေသောပိတ်စတွေပေါ်အကြည့်ရောက်သွားသည်။

ချစ်ရပါသော ခြည်Where stories live. Discover now