အပိုင်း ၅

38.5K 2.3K 11
                                    

မြို့ပြဆိုသည့်အတိုင်း လူပေါင်းစုံ၊အမျိုးအစားအစုံ၊တစ်နေရာစီ နေထိုင်ကြသော်လည်း လမ်းမထက်တွင်တော့ အကုန်စုပြုံတွေ့ရတတ်သည်။ကားများ တစ်ဝီဝီနှင့်သွားလာသူများ ရှိသကဲ့သို့ဆိုင်ကယ်၊ စက်ဘီး၊ အစရှိသည့်ယာဉ်များ၊ ကားကြိုကားကြားများကြားတွင် သတင်းစာ၊ ပန်းကုံးများ ၊ မုန့်များအစရှိသည့်အရာများကိုလိုက်လံ ရောင်းနေကြသည့်သူများလည်းရှိသည်။

ထိုထဲတွင်ကား ကျောင်းနေရမည့်အရွယ် မနေရရှာဘဲ ဝမ်းစာအတွက် ရုန်းပမ်းနေရသော ကလေးငယ်များ၊ အသက်ကြီးပြီဖြစ်သော်လည်း နေပူကျဲကျဲတွင် ဝမ်းစာရှာနေသည့်သူများရှိကြသည်။ဘယ်ဘဝမှ ကုသိုလ်ကံကြောင့် ယခုလိုဆိုးဆိုးရွားရွား ဝမ်းစာရှာရသနည်း။ မြင်သူတိုင်းအဖို့ ဝမ်းနည်းရပြီး ရင်ဖိုနေရသည်။သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွား၊ လုပ်စရာရှိသည်ကိုလုပ်၊ တစ်နေ့တာမှာ ထိုကဲ့သို့ပင်ကုန်ဆုံးနေရသည်။

မီးပွိုင့်မီးမှာ တစ်ဖက်တွင်မီးနီပြပြီ ဖြစ်သော်လည်း တစ်ရှိန်ထိုးလမ်းကူးသွားသောကားနှစ်စီး။ ရောင်ခြည်တို့မီးနီစောင့်နေတုန်း သူတို့ကား၏နောက်မှကျော်တက်လာပြီး မီးနီကိုဖြတ်ကူးသွားသော ကားနှစ်စီးကြောင့် ရောင်ခြည်မျက်မှောင်ကျုံ့လိုက်သည်။သူတို့ဖြတ်သွားတာ အကြောင်းမဟုတ် တစ်ဖက်သို့လမ်းကူးဖို့ပြင်နေသော ပန်းရောင်းသည့်ကလေးမလေးမှာ လန့်သွားပြီး ကားလေအရှိန်ကြောင့်ဆံပင်တွေပါထောင်သွားသည်။

ဘယ်လောက်ပင်အလျင်လို‌သည်ဆိုသော်ငြား မီးနီပြသည်ကိုသိရက်နှင့်အတင်းဖြတ်သွားသည်မှာ အန္တရာယ် ကိုလိုလိုလားလားဖိတ်ခေါ်နေခြင်းပင်။ကားမောင်းကျွမ်းကျွမ်း မကျွမ်းကျွမ်း ဖြစ်လာလျှင် ဘယ်လိုမှမတတ်နိုင်။ အကယ်၍မဆီမဆိုင်အခြားသူများကိုပင်ထိခိုက်မိသွားလို့ကတော့ မတွေးရဲစရာ။

"အစ်ကိုရောင်...သူတို့ကားကိုဘယ်လိုများမောင်းနေလဲမသိဘူးနော်"

မြတ်မင်း မီးနီစောင့်နေတုန်း lover seat ဘက်မှာထိုင်နေသည့်ရောင်ခြည်ကို လှမ်းကြည့်၍ပြောလိုက်သည်။

ချစ်ရပါသော ခြည်Où les histoires vivent. Découvrez maintenant