အပိုင်း ၃၂

31.3K 1.9K 50
                                    

"ဟုတ်တယ်မေမေရဲ့...တီနွယ်တို့က ခရီးထွက်သွားတယ် ပြန်လာတော့မယ်လို့‌တော့ပြောတယ်"

"......"

"စိတ်ချပါ ကျွန်တော်လည်းလွမ်းတယ် အလုပ်ကပြီးတော့မှာ။အန်ကယ်ပြန်လာရင် report ပြီးရင် ပြီးပြီ"

"....."

"သူလား...အရင်လိုတော့ သိပ်မဖြစ်တော့ဘူး"

"...."

"ဟုတ် ဒါပဲနော်မေမေ။ကျွန်တော်စာရင်းတွေလုပ်လိုက်အုံးမယ်"

ခြည် သူ၏မိဘများနှင့်ဖုန်းပြောပြီး အတွေးတစ်ခုတန်းဝင်လာသည်။သူပြန်ရတော့မှာမလား ဒါဆို ခမ်းကရော။ ခမ်းနဲ့သူနဲ့က ဒီလိုပဲနေသင့်တယ်မလား။အဆင့်မတက်သင့်ဘူးမလား။ဒါဆိုဘာလို့ ခြည်က ဝမ်းနည်းတာလိုလို စိတ်မကောင်းဖြစ်နေတာလိုလို ဖြစ်နေရတာလဲ။

မခွဲချင်တာလား။ဘာလို့လဲ ဒီလိုခံစားချက်ကြီးကို မုန်းတယ်နော်။အခုခမ်းကို အပြည့်အဝယုံကြည်နေပြီလား။ ဘာလို့ ပြန်ရမယ်ဆိုတာနဲ့ တွေးပြီးဝမ်းနည်းစိတ်ကပေါ်လာရတာလဲ။ခမ်းကို အရင်လိုခါးခါးသီးသီးဘာလို့မဖြစ်တာလဲ။

မှောင်ရီနေသော အချိန်၊ မီးရောင်ဖျော့ဖျော့လေးရှိသောအခန်း၊ စားပွဲပေါ်ရှိ မွှေးရနံ့ပျံ့နေသော ဧကရာဇ်ပန်းလေးများ ၊ထိုအရာများနှင့်အတူ အတွေးလွန်နေသော ပုံရိပ်တစ်ခု။သို့သော်လည်းခနတာပင်။
အတွေးများမှာ အခန်းထဲဝင်လာသူကြောင့် ရပ်တန့်သွားရသည်။

"ဘာလာလုပ်တာလဲ"

"ခြည် ဧကရာဇ်ပင်အောက်သွားမှာမလား"

"အင်း"

"သွားမယ်လေအဲ့ဆို"

"အခုမသွားသေးပါဘူး"

"လာပါ"

"ဒါနဲ့ မင်းလက်ထဲက"

"guitar လေ"

"သိတယ်လေ အဲ့ဒါကဘာလုပ်မို့လဲ"

"ဟိုရောက်ရင် သိမှာပေါ့ သွားမယ်လာ"

ပိုင်စိုးပိုင်းနင်း လက်ကိုကိုင်ကာ ဆွဲခေါ်သွားသော ကျောပြင်ကျယ်ကျယ်ကို ကြည့်ပြီး ရင်ခုန်နေရသည်မှာအမော။ ထိုရင်ခုန်သံများ အပြင်ပေါက်ထွက်မသွားအောင်ထိန်းချုပ်ရသေးသည်။ခမ်း ကိုသာတကယ်မကြည်ဖြူဘူးဆိုရင် ဒီလိုပိုင်စိုးပိုင်နင်း လုပ်တဲ့အခါမှာစိတ်ဆိုးလို့ရတယ်မလား။

ချစ်ရပါသော ခြည်Where stories live. Discover now