အပိုင်း ၃

41.4K 2.5K 19
                                    

"မဟာ မင်းကလည်းမွေးနေ့ရှင်လေးစိတ်ပျော်အောင်တစ်ခါတစ်လေလေး အလျှော့မပေးနိုင်ဘူးလား ဟမ်!အ​မြဲမင်းချည်းပဲ ပွဲဝင်နေတာ"

မင်းသန့် စိတ်ချဉ်ပေါက်ပေါက်နဲ့ပြောလိုက်ခြင်းဖြစ်သည်။ မင်းသန့်ရယ်ပြည့်စုံရယ်က ကားတစ်စီး၊မဟာကတစ်စီးပြိုင်မောင်းလာခြင်း။အစက club တန်းသွားမယ်ဆိုပြီးထွက်လာခြင်းဖြစ်သည်။ လမ်းတစ်ဝက်ရောက်မှကားပြိုင်မောင်းရအောင်ဆိုပြီးပြောလာတဲ့မင်းသန့်ကြောင့် မဟာ ပြိုင်မောင်းပေးလိုက်ခြင်းပင်။

မင်းသန့်ကတော့ဒီနေ့သူ့မွေးနေ့ဆိုတော့မဟာက အလျှော့ပေးမည်အထင်နဲ့စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ မှန်းချက်နှင့်နှမ်းထွက်မကိုက်လေတော့ မင်းသန့်ပတ်ရမ်းတော့သည်။

"အဟက်"

မဟာ မင်းသန့်ပုံစံကိုကြည့်ပြီးခနဲ့တဲ့တဲ့ရယ်လိုက်သည်။

"ရယ်မနေနဲ့ခွေးကောင်။မင်းဘယ်သူ့ကိုမှအလျှော့မပေးဘူးလား။အန်ကယ်နဲ့အန်တီအပေါ်လဲမင်းဒီအတိုင်းပဲ ငါတို့အပေါ်ရောပဲ"

ဟောလာပါပြီ။လာပါပြီ။ရှုံးမဲမဲပြီးမိဘတွေကကြားထဲကပါလာပြီ။ မဟာမျက်ခုံးတစ်ချက်ပင့်လိုက်သည်။ သူတို့စိတ်ကျေနပ်အောင်လည်းပြိုင်ပေးရသေး။ပြီးတော့ ဒါကလည်း မဟာရဲ့ပုံမှန်ကားမောင်းနှုန်းပဲလေ မြို့ပြင်မှပါ။မြို့တွင်းမှာဆိုနည်းနည်းတော့လျှော့မောင်းတတ်သည်။

လျှော့မောင်းသည်မှာလည်းတိုက်မိ၊ခိုက်မိမှာစိုး၍မဟုတ်။မဟာတို့အနေနှင့်ပြသာနာဖြစ်ရင်တောင်အချိန်တိုအတွင်းနှုတ်ပိတ်နိုင်သည်။ဒီလိုဘာမဟုတ်တာလေးတွေနှင့်အချိန်ကုန်ခံပြီးရှင်းရတာတွေကို မဟာ မကြိုက်။ ဒါကြောင့်သူ့ဘာသာနေတတ်သည်။

"ထားတော့ဟာ club သွားမယ်။ မင်းတို့လုပ်နေတာနဲ့ဒီနေ့ရောက်မှာမဟုတ်တော့ဘူး"

ပြည့်စုံ ကြားဝင်ပြောလိုက်ခြင်းဖြစ်သည်။ မပြောလို့လဲမရ  မဟာကစကားကိုဆို ရိုက် ပေါက်ပြောပုံ။ မင်းသန့်ကအရစ်သန်ပုံနှင့် လေကြောအတော်ဖြတ်လို့ပြီးမှာမဟုတ်။
သူတို့အကြောင်းက်ိုယ်သာအသိဆုံး။

ချစ်ရပါသော ခြည်Opowieści tętniące życiem. Odkryj je teraz