အပိုင်း ၉

33.6K 2.1K 16
                                    

"အားး ပိတ်ပိတ်မြန်မြန် ပိတ်"

"ရပြီ"

မဟာ အတင်း ရောင်ခြည်လက်မှရေပိုက်ကို လှမ်းပိတ်လိုက်သည်။

"ဖယ်စမ်း ယဉ်ကျေးမှုမရှိတဲ့ကောင်!"

ရောင်ခြည် အခုမှသတိထားမိသည်။ဟိုလူကအခု ရောင်ခြည်ကိုဖက်ထားသလိုဖြစ်နေပြီမလား။

"အဲ့လောက်လည်း ဖြစ်ပျက်မနေနဲ့....ခင်ဗျားကိုထိချင်လို့ ထိတယ်များထင်နေလား"

မဟာ သူ့ရှေ့ကလူအား စောင်းငဲ့ပြောလိုက်သည်။ရေပိုက်လည်းပိတ်ပြီးရော အတင်း သူ့ရင်ခွင်ထဲကနေဖယ်ခွာပြီးဖြစ်ပျက်နေတာ။

"မင်း ......ဒီကို ဘာလာလုပ်တာလဲ"

မဟာ ရေစိုနေသော သူ့ဆံပင်များကို လှန်တင်နေသည်။ အထက်အောက် စုံချည် ဆန်ချီ ပြေးနေသော လည်ဇလုပ်မှာက အထင်းသား။

"ပျင်းလို့လာတာ"

"ဘာ!မင်းရူးနေလား ...ဒီတစ်ပတ်ဘာဧည့်သည်မှမရှိဘူး"

ဟော တကယ်ပါပဲ။ သူခိုးကျလို့စစ်မေးနေလိုက်တာ။ မဟာသူ့ရှေ့ကပုံရိပ်အား လေးကြည့်‌နေမိသည်။မျက်တောင်များမှာ ရေစက်များတွဲခိုနေသည်။မဟာသူ့ရှေ့က မျက်တောင်တွေပုတ်ခပ်ပုတ်ခပ်လုပ်ပြီး မေးနေသူအား စ ချင်လာသောကြောင့်

"ခင်ဗျား က ဒီကအလုပ်သမားလား"

"ဘာ!"

ရောင်ခြည် မျက်လုံးပြူးသွားရတော့သည်။ နေပါအုံး ဒီကောင်က အမြဲလူတစ်ယောက်ကိုတွေ့တာနဲ့နှိမ်ချင်နေတာလား။
ရောင်ခြည် တစ်ချက်ပြန်စဉ်းစားလိုက်သည်။တီနွယ်တို့ကလည်းနောက်နှစ်ရက်လောက်မှဆိုတော့ ဒီလူက သူ,စပျစ်ခြံထဲရောက်နေတုန်း ခနတာလာတည်းတဲ့သူနေမှာ။

ရောင်ခြည်တို့ resort က booking ကြိုလုပ်ရသည်။ booking မလုပ်ပဲဗြုန်းဆိုင်းရောက်လာသူဆို တစ်ညတာ တစ်ရက် အရေးကြီးလို့ တည်းသူများသာဖြစ်သည်။
အခုဒီ လူကလည်းဒီလိုပဲနေမှာပေါ့။ဒါပေမဲ့ သူပြောတာကျပျင်းလို့တဲ့။

"ငါဘယ်သူနေနေ မင်းအပူမပါဘူး။အခုဒီကိုဘာလာ လုပ်တာလဲ"

Shit!

ချစ်ရပါသော ခြည်Where stories live. Discover now