Final

15.7K 425 30
                                    

လေတဖြူးဖြူးတိုက်ခက်နေသော ည
အမှောင်အောက်မှာ လမင်းကြီးက အလင်းပေးနေသယောင်..

တငွေ့ငွေ့တောက်လောင်နေသော မီးပုံကြီးရှေ့ မာန်ထိုက်တို့အုပ်စု ဝိုင်းဖွဲ့ထားကြသည်..
အေးခိုက်နေတဲ့ လေပြေတွေကြောင့်..မီးပုံကြီးမှာလည်း..သိပ်အရာမရောက်..

ငါးကင်တွေနဲ့..ထန်းရည်တွေကို ချပေးလာတဲ့မိဝိုင်းမှာ..မြို့ကြီးသားတွေရဲ့အကြောင်းကိုသိနေသလိုပင်

အသည်းခိုက်အောင်ချမ်းနေပေမဲ့..သာယာလွန်းတဲ့ညအလင်းရောင်ကြောင့်...အားလုံးရဲ့မျက်နှာမှာ အပြုံးတို့က ဆင်မြန်းလျက်

*သောက်ကြနော်..အကိုတို့..ညီမကိုအားမနာနဲ့*

မိဝိုင်းက စားစရာတွေလာချပေးရင်း..ပြောလာသည်..
မိဝိုင်းက ဉီးလေးတွေနဲ့နေတာဆိုတော့ အသောက်အစား တွေနဲ့ယဉ်ပါးသည်..သူကိုယ်တိုင်တော့ဘယ်တော့မှမသောက်ချေ

လာ.. ငါတို့တွေCheerလုပ်ရအောင်*

စိုင်းက ထန်းရည်အိုးကိုမြှောက်ပင့်ကာ ဆိုလာသည်..

အကုန်လုံးက စိုင်းပြောတဲ့အတိုင်း..ကိုယ်ဆီထန်းရည်အိုးကို မြှောက်ကာ ဒီညချမ်းလေးကိုဖြတ်ကျော်ဖို့ပြင်နေကြသည်..

Cheer..* ခွက်..

တစ်ခွက်ပြီးတစ်ခွက်ငှဲ့သောက်နေသော..လင်းလက်ကြောင့် ဘေးနားမှာရှိတဲ့မာန်ထိုက်က စိုက်ကြည့်လာသည်..

လက်ထဲမှာရှိတဲ့ ခွက်ကိုလုလိုက်တဲ့မာန်ထိုက်ကြောင့်..မျက်စောင်းက autoထိုးပြီးသားပင်

*သိပ်မသောက်နဲ့...

ဘယ်ရမလဲ..သူ့လက်ထဲက ခွက်ကို
လင်းလက်ပြန်ယူလိုက်ကာ..တစ်ခါတည်းအကုန်မော့သောက်ပစ်လိုက်သည်..
ရွာမှာနေတုန်းက တစ်ခါတစ်လေ သူသောက်ဖူးပါသည်..သူ့ကိုမသောက်တတ်ဘူးဟုထင်နေသလားမသိ

*ကျွန်တော်ကိုမတားနဲ့..မာန်ထိုက်..ဒီညမူးအောင်သောက်မှာ..

ဘေးနားမှာမျက်နှာတွေနီရဲနေလေပြီးဖြစ်တဲ့ သူချစ်ရတဲ့ကောင်လေးကို မာန်ထိုက်
ထိုင်ကြည့်နေမိသည်..
ဒီကောင်လေးသူ့စကားကိုအရင်လိုနားမထောင်တော့..အကြောက်အလန့်လည်းသိပ်မရှိတော့ဘဲ..တစ်ခါတစ်လေ..သူ့ကိုတောင်..စိတ်ကောက်တတ်သေးသည်..

Crazy love (Complete) Where stories live. Discover now