(5)

11.1K 471 12
                                    

ဘုန်း ...

ကျွန်တော့် နောက် ဘက် ကျော ကို တစ်ခုခုနဲ့ပစ်ပေါက် လိုက်သဖြင့် ... အရှိန်မထိန်းနိုင်ဘဲ...  ပစ်လဲ သွားရသည်...

အား...

ပစ်လိုက်တဲ့အရာ က မာကျော သော အရာတစ်ခုခုပင်... အောက်မှာရှိနေတဲ့ ကြမ်းခင်း နှင့်ပွတ်တိုက် မှုကြောင့် ကျွန်တော့်လက် တံတောင်ဆစ် အနည်းငယ် ပွန်းပဲ့သွားခဲ့ရသည်

နောက်လှည့်ကြည့်မိတော့...ခုနက ဟိုလူ က အခဲမကြေသလို... ကျွန်တော်ရှေ့ လျှောက်လာခဲ့သည်...

မင်း....ဘယ်ထွက်သွားတာလဲ..
ငါ မင်းကို သွားခိုင်းလား

သူ့ကြောင့်လဲကျနေသော လူကို ထူပေးဖို့မစဉ်းစား...မျက်နှာသေနဲ့ လူကိုစူးရဲပြီး ကြည့်နေပုံက ကျွန်တော့်ကို သတ်ချင်နေသလိုမျိုးပင်...

ငါ မေးနေတယ်လေ...
ဘယ်တွေကြည့်နေတာလဲ

ကျွန်တော်လည်း... အားယူပြီး ထကာ သွေးထွက်နေသော တံတောင်ဆစ် ကို လက်ဖြင့် အုပ်ထားလိုက်သည်...

ဒီ က... အကိုလေးမာန်ထိုက် ထင်တယ်...
ကျွန်တော်..ဘာအမှားလုပ်မိလို့လဲ ဗျ...

ကျွန်တော့်နား ပိုကပ်လာကာ... ကျွန်တော် တစ်ကိုယ်လုံး ကို ခေါင်းအစ ခြေအဆုံး လိုက်ကြည့် နေသောသူကြောင့်... မနေတတ်စွာ...နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်မိခဲ့သည်...

မင်း...ကို ဒီအိမ်မှာ မတွေ့ဖူးဘူး...
နာမည် ဘယ်လိုခေါ်လဲ...

ကျွန်တော် မျက်နှာကို အဲ့လူက သေချာ စိုက်ကြည့်နေဟန် မေးနေတာကြောင့် ခေါင်းက အရင် က ထက် ပိုငုတ်မိသည်

ကျွန်တော်...ကျွန်တော်.နာမည် လင်းလက်ပါ..
ရွာ ကနေ အဘက ကျောင်းဆက်ထားပေးမယ် ဆိုလို့ လိုက်လာခဲ့တာပါ...

အဲ့လူက အောက်သို့ငုတ်ထားသော ကျွန်တော့်မျက်နှာကို သူ့လက်ဖဝါးနဲ့ဆွဲကိုင်ကာ... သူ့မျက်နှာ နဲ့ နီးကပ်အောင်ဆွဲလှည့်လိုက်သည်

အဘ... ငါ့အဖေ လား....

ထားပါ... မင်းမျက်နှာ က ဘာကြောင့်... ဖြူစွတ်နေရတာလဲ...

သူ့ရဲ့အကြည့်တို့က.... ပိုစူးရှကာ...ကျွန်တော် မျက်နှာ နားပိုကပ်လို့လာခဲ့တယ်...

Crazy love (Complete) Where stories live. Discover now