(22)

7.2K 290 24
                                    

ကုတင်ထက်မှာ.. လှဲလျောင်းနေသော
ကောင်လေးတစ်ယောက် အိပ်လည်းမပျော်ပေ..အတွေးတစ်ခုခုက ထိုကောင်လေးရဲ့ခေါင်းထဲမှာစိုးမိုးလို့ထားခဲ့သည်..

တစ်ပေါက်ထဲရှိသောအခန်းငယ်လေးရဲ့ ပြတင်းပေါက် ဘက်ဉီးတည်ပြီး..အကြည့်တို့က ထိုပြတင်းပေါက်ဘက်သို့သာ ပို့ထားခဲ့သည်...

ဒေါက်..

ကုတင်ပေါ်မှာလှဲလျောင်းနေသော
ကောင်လေး... ထိုအသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်..

ဒေါက်..

နောက်တစ်ဖန်အသံလာရာ သေချာကြည့်မိမှ..ပြတင်းပေါက်ဆီကလာမှန်းသိရသည်

တစ်ခုခုက လာရောက် ရိုက်ခက်နေပုံပင်..

လင်းလက် ကုတင်ပေါ်မှ အားယူကာဆင်းပြီး.. ထိုပြတင်းပေါက်နားသို့ အနီးကပ်သွားကြည့်မိသည်..

ပြတင်းပေါက် ကိုအသာဖွင့်ကြည့်မိတော့..
ထိုကောင်လေးရဲ့မျက်ဝန်းမှာ မျက်ရည်ကြည်များခိုတွဲလာခဲ့သည်..

အောက်ထပ်ခြံမှာ..အကိုခန့်မင်းရောက်နှင့်ချေပြီး...

အကိုခန့်မင်းက မှန်ကိုခဲလုံးလေးများနှင့်ပစ်ပေါက်နေခြင်းသာ..

သူ့ကိုတွေ့သွားမှ..ပစ်ခြင်းကိုရပ်လိုက်ပြီး..
ဝမ်းသာခြင်းဖြင့် လက်ရမ်းပြသည်..

လင်းလက် စိတ်ထဲ ဝမ်းသာခြင်းရော..ကြောက်စိတ်ပါယှဉ်တွဲနေလေသည်..

ဟိုလူသိသွားမလားဆိုတဲ့အတွေးက သူ့ခေါင်းထဲနေရာယူလို့ထားသည်

အကိုခန့်မင်းက ပြတင်းပေါက်ကနေ.. အောက်ဆင်းဖို့ ခပ်တိုးတိုးအသံဖြင့်ကျွန်တော်ကြားအောင် ခြံထဲမှ လှမ်းပြောသည်..

ခြေသလုံးတစ်ခုလုံးဒဏ်ရာ ရစရာမရှိအောင်ဖြစ်နေသော ခြေထောက်နှစ်ချောင်းအတွက်
ပြတင်းပေါက်မှ ဆင်းရမည်ဆိုတာ..သူ့အတွက်မဖြစ်နိုင်

လင်းလက် တစ်ယောက်အကိုခန့်မင်းကြားအောင်...ဆင်းလို့မရဘူး..ပြောပြီး လက်လေးလည်းခါပြလိုက်ရသည်..

စိတ်မရှည်တော့တဲ့အကိုခန့်မင်းက သူအပေါ်တတ်လာမည်ဟုပြောလာသောကြောင့်..
ကုတင်ထက်မှာရှိတဲ့မွေ့ယာခင်းစနဲ့စောင်တွေကိုပတ်ပြီး အောက်သို့ပစ်ချပေးလိုက်သည်..

Crazy love (Complete) Where stories live. Discover now