(27)

7.5K 309 25
                                    

စိတ်ရှုပ်ထွေးကာ စားပွဲပေါ်မှာထိုင်နေပြီးလက်ထဲမှာလည်းစီးကရက် တစ်လိပ်ကိုကိုင်ထားသေးသည်..

စားပွဲပေါ်ကအနီရင့်ရင့်စာအိတ်ကိုကြည့်ပြီးတစ်ခုခုကိုဆုံးဖြတ်ရခက်နေဟန်

တစ်ခါမှ ဆေးရုံမှာ ဆေးလိပ်မသောက်ဖူးတဲ့သူက ခုတော့သူ့အိပ်ဆောင်မှာ ဆေးလိပ်ကို
ဖွာနေလေသည်..

နောက်ဆုံးတစ်ခါအငွေ့တွေကိုမှုတ်ထုတ်လိုက်ပြီး..လက်ထဲက ဆေးလိပ်ကိုဖိချေလိုက်သည်. ..

duty coatကို ကျကျနန ဝတ်ဆင်ကာ ထိုစာအိတ်လေးကိုဆွဲယူလာပြီး..ဆေးရုံအုပ်ရှိရာအခန်းသို့ထွက်လာမိသည်..

အပြင်ဘက်ကနေ တံခါးခေါက်နေသော်လည်းအထဲက တုန့်ပြန်မှုမရှိသည့်အခါ ငမှန် ကောင်တာဘေးက မိန်းကလေးတစ်ယောက်ကိုမေးကြည့်မိသည်

ဆေးရုံအုပ်နဲ့တွေ့ချင်လို့..အပြင်ထွက်သွားတာ တွေ့မိသေးလား

ထိုမိန်းကလေးရဲ့ပြန်ဖြေလာသော အဖြေက ငမှန်ကိုဇဝေဇဝါဖြစ်စေသည်..

drမသိသေးဘူးထင်တယ်..ဆေးရုံအုပ်
ဉီးမိုးလွင် နှုတ်ထွက်သွားတာ တစ်ပတ်လောက်ရှိပြီး

ခု ဆေးရုံအုပ်အပြောင်းအလဲကြောင့်အခန်းကို ပိတ်ထားကြတာ..

ငမှန်ထိုနေရာမှတင်ရပ်တန့်ကာစဉ်းစားနေမိသည်..

လွန်ခဲ့တဲ့တစ်ပတ်လောက်က အကောင်းကြီးပါ..သူနဲ့လည်းစကားတွေပြောပြီး..ဘာပြသာနာမှမရှိခဲ့..

အကယ်လို့ နှုတ်ထွက်မယ်ဆိုရင်တောင် သူ့ကိုကြိုပြောမှာပဲ
ဘာကြောင့်များလဲ

ငမှန် တွေးနေတဲ့ အတွေးတွေကို ရပ်ပစ်လိုက်ပြီး..အောက်ထပ်ကိုသာ ဆင်းလာခဲ့သည်..

drမြတ်သွေးအောင်..

အ​နောက်ကနေအလောတကြီးလှမ်းခေါ်နေသောဆရာဝန်မလေးကြောင့် လှည့်ကြည့်မိသည်

drဖူးဝေပါလား..ဘာများဖြစ်လို့လဲဗျ

drမြတ်သွေး..ကျွန်မကိုတစ်ခုလောက်ကူညီပေးပါလား..

ထိုဆရာဝန်မလေးရဲ့ပုံစံက ပြာယာခက်ကာအလောတကြီးပုံစံပင်

ကျွန်မအမေ အိမ်မှာနှလုံးဖောက်နေလို့
အိမ်ကိုအမြန်ပြန်ရမှာမို့

Crazy love (Complete) Where stories live. Discover now