(20)

9.2K 368 20
                                    

လမ်းမကြီးထက်မှာ ကားတစ်စီးဘေးချရပ်ထားကာ လူသုံးယောက်ကတော့ ကားရှေ့ပိုင်းအဖုံးကိုဖွင့်ကာစစ်ဆေးနေကြတယ်..

ကားတွေတစ်စီးပြီးတစ်စီးဖြတ်ကျော်သွားကြပေမဲ့ထိုကားလေးကတော့ နာရီဝက်နီးပါးရပ်တန့်လို့နေခဲ့တယ်..

ဟူး**

စိုင်း စိတ်ရှုပ်စွာ ဆံပင်တွေကိုသပ်တင်လိုက်ပြီး..သက်ပြင်းချလိုက်သည်..

ဒီနေ့ တိုက်ကြီးဘက်က မာန်ထိုက်ရှိနေနိုင်မဲ့နေရာကို သွားကြဖို့သူငယ်ချင်းသုံးယောက် ထွက်လာခဲ့ကြသည်...လမ်းမှာပင်ထိုကားက ဘာထဖောက်နေမှန်းမသိ..ကားလည်းမပြင်တတ်တာကြောင့် ဝဏနဲ့ငမှန်သာ ကားကိုအမျိုးမျိုးစစ်ဆေးနေကြသည်

*အဲ့တာပြောတာပေါ့..ငါ့ကားနဲ့သွားမယ်ဆိုတာ ဒီကားစုတ်နဲ့ပဲ အတင်းသွားချင်နေတာ*

ဝဏက အပေါ်ထပ် ဂျင်းcoatကိုချွတ်လိုက်ကာ.. ကားကိုစစ်ဆေးမှုမပြတ်ဘဲပြောလာသည်

ဒါကိုကြားသွားသော စိုင်းက ဝဏနားပြေးလာကာ လက်မောင်းတည့်တည့်တစ်ချက်ထိုးလိုက်လေသည်..

*မင်း ငါ့ကားကိုအဲ့လိုမပြောနဲ့..ငါ့အဖေဝယ်ပေးထားတာတစ်လတောင်မပြည့်သေးဘူး**

သူ့ကို အခဲမကြေသလိုပြောလာသောစိုင်းကို
ဝဏဘက်က စနောက်သော သဘောဖြင့် ပြန်နောက်မိလေသည်

**ဟား.... ဒါဆို မင်းကားက သုံးပြီးသားကြီးထင်တယ်..
ဒါကြောင့်ခဏခဏ ပျက်နေတာ**

**ဝဏ..မင်းဘာသိလို့လဲ..ငါ့ကားကbrandနော်..brand**

*ချီးbrandပဲဖြစ်မှာ...ဟား..ဟား..*

*ဝဏ..မင်း..သေချင်နေတာမလား**

ထိုနှစ်ယောက်ရဲ့စကားသံတွေဟာ ငမှန်နားထဲကျယ်လောင်စွာဝင်ရောက်နေသလိုပင်...

*ဟေ့ရောင်တွေ..မင်းတို့နှစ်ကောင်က ကားကြည့်ပေးနေတာလား..ထသတ်နေမှာလား..*

ငမှန်ပြောလိုက်တော့..ဝဏကပြုံးစိစိနဲ့..စကားတစ်ခွန်းထွက်လာလေသည်

*ငမှန်..အမှန်တော့ဒီကားက ဘာမှမဖြစ်ပါဘူး...အင်ဂျင်ဝိုင်ကုန်နေလို့...*

Crazy love (Complete) Where stories live. Discover now