(23)

7.4K 328 26
                                    

မှောင်မဲနေသော အိမ်ကြီးဝယ် တိတ်ဆိတ်မှုကသာ ကြီးစိုးနေဆဲပင်...
sofaပေါ်မှာအိပ်မောကျနေသောထိုသူမှာ..ခုထက်ထိပင်..အိမ်မက်ထဲမှာလွင့်မျောနေဆဲ

ထိုတိတ်ဆိတ်မှုတို့ကို ကျယ်လောင်သော
နာရီသံမှ ဖျက်ဆီးလိုက်သည်...

တီ..တီ..တီ..

အိပ်ပျော်နေသော ထိုသူမှာ ခုမှ နိုးသွားသည့်ပုံ..စိတ်ရှုပ်စွာ ပွယောင်းကျဲနေတဲ့ ဆံပင်တွေကိုသပ်တင်လိုက်ပြီး..နာရီ alarmကိုပိတ်လိုက်သည်..

*ကျစ်*
*မှားနှိပ်မိထားတာပဲ*

နာရီကိုနောက်တစ်ဖန်ပြန်ကြည့်မိတော့..မြင်လိုက်ရသည့်အချိန်ကိုမယုံကြည်နိုင်စွာsofaပေါ်မှ လျင်မြန်စွာထရပ်လိုက်သည်..

အပြင်ဘက်မိုးသားလေးတွေမှာ မှောင်မဲနေပြီးဖြစ်ကြောင်းသက်သေပင်..

*ဗိုက်ဆာနေတော့မှာပဲ*

စိုးရိမ်စွာ ​ခြေလှမ်းကျဲကြီးတွေက အပေါ်ထပ်ကောင်လေးအခန်းကို အပြေးတတ်သွားခဲ့သည်..

အခန်းတံခါးပွင့်နေပုံက သူ့ကိုဆီးကြိုလျက်ရှိသည်..

ရင်ထဲမှာပိုပူလောင်ကာ ထိုအခန်းငယ်အတွင်းသို့အပြေးဝင်သွားမိခဲ့သည်..

ရေချိုးခန်း အိမ်သာပါ မကျန်လိုလံရှာဖွေနေမိသည်မှာအရူးတစ်ယောက်နှယ်..

*မဟုတ်ဘူး..အဲ့လိုမဖြစ်ရဘူး*

အောက်ထပ်ကိုအမြန်ပြေးဆင်းသွားပြီး..ကားသော့ကို အလျင်အမြန်ကောက်ယူလိုက်သည်..

ထားခဲ့ပြီး..မင်းငါ့ကိုထားခဲ့ပြီး..
အတန်တန် ပြောထားတဲ့ကြားက မင်းလုပ်သွားခဲ့တယ်

ငါ့ဒေါသတွေကို ထိန်းချုပ်ပါမယ်ဆိုမှ
မင်းကထွက်သွားခဲ့ပြီး..

*ဟက်..
မင်းက ညှာတာပေးဖို့မတန်တာပဲ*

ကားကိုအရှိန်နဲ့မောင်းထွက်သွားကာ လက်ဖျံရိုးကအကြောများထောင်တတ်နေပုံမှာ မည်မျှဒေါသထွက်ကြောင်းသက်သေပင်

ဒီကောင်လေးက ဘယ်သွားနိုင်မှာလဲ..
အဲ့တစ်နေရာပဲရှိတာ...

ခမ်းနားကြီးကျယ်တဲ့ ခြံကြီးရှေ့မှောက်သို့ ညကြီးအချိန်မတော် ဟွန်းသံတွေဆူညံကာ ထွက်ပေါ်လို့နေခဲ့သည်..

Crazy love (Complete) Opowieści tętniące życiem. Odkryj je teraz